Home
မြန်မာသတင်း
ဖောင်းဆိုင်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်အဖွဲ့ တိုက်ခိုက်
DVB
·
November 2, 2021
Mone Koe war SAC MNDAA 1
248374081_556584088722922_4428119385900119775_n
251030234_556584118722919_5382647837944646076_n
Mone Koe war SAC MNDAA 2

ရှမ်းပြည်နယ်‌ မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့အထွက် ကောင်းဒပ်ရွာအနီးမှာ ဖောင်းဆိုင်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကိုးကန့် MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်‌ကို ဖျက်ဆီးခဲ့တယ်လို့ ကိုးကန့်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးကြား နော့ဂူရွာအထွက် နော့ဂူရွာနဲ့ နမ့်ဆူရွာကြားမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ညနေ ၃ နာရီကျော်အချိန်ထိ အဲဒီနေရာရဲ့ အပေါ်ဘက် တောင်ကြောတလျှောက် ပစ်ခတ်သံတွေ ကြားနေဆဲဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ သွားမကြည့်ရဲလို့ ဘာမှမသိရဘူးလို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း သေဆုံး ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

လတ်တလော ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဘက်တွေမှာ စစ်ကောင်စီဘက်က အင်အားထပ်တိုး စစ်ကြောင်း ထိုးနေတာ‌ကြောင့် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တိုက်ပွဲ အဆက်မပြတ် ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေ စိုက်ခင်းသွားလာ လုပ်ကိုင်ဖို့ စပါးရိတ်သိမ်းဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024