DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့ကို မြန်မာစစ်တပ်က ပစ်ခတ်မီးရှို့မှု ဒိန်းမတ်သံရုံး အပြင်းအထန် ရှုတ်ချကန့်ကွက်
DVB
·
November 2, 2021
ထန်တလန်မြို့ကို မြန်မာစစ်တပ်က ပစ်ခတ်မီးရှို့မှု ဒိန်းမတ်သံရုံး အပြင်းအထန် ရှုတ်ချကန့်ကွက်
Donate to DVB

မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဒဏ်ကြောင့်  ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေ မီးစွဲလောင် ပျက်စီးခဲ့ရတဲ့အတွက်  များစွာ စိုးရိမ်တုန်လှုပ်မိကြောင်း  မြန်မာနိုင်ငံရှိ ဒိန်းမတ်သံရုံးက  ဒီနေ့ ထုတ်ပြန်ပါတယ်။ 

ဘာသာရေး အဆောက်အဦတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တဲ့ ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကန့်ကွက်တယ်လို့လည်းဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကြောင့် ထန်တလန်မြို့ရှိ ဘုရားရှိခိုးကျောင်း ၂ ကျောင်းနဲ့  မိမိတို့ လုပ်ဖော်ကိုင်ဖက် Save the Children အဖွဲ့ရဲ့ ရုံးခန်း အပါအဝင် အိမ်ခြေ ၁၀၀ ကျော် မီးစွဲလောင် ပျက်စီးခဲ့ရတယ်လို့ သတင်းတွေကြား သိရတယ်လို့ဆိုပါတယ်။

လူ့အသက်ကယ်ဆယ်ဖို့လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအပါအဝင် တခြားသော လူမှုအထောက်အကူတွေအားလုံးနဲ့ လူသားချင်း စာနာမှု အထောက်အကူ ရရှိပိုင်ခွင့်တွေကို အမြန်ဆုံး ခွင့်ပြုဖို့လည်း ဒိန်းမတ်သံရုံးက တိုက်တွန်းပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့  ထန်တလန်မြို့မှာ ပစ်ခတ် မီးရှို့ခဲ့တာကိုဝန်ခံခြင်းမရှိဘဲ PDF တွေမီးရှို့တာလို့ တုံ့ပြန်စွပ်စွဲထားပါတယ်။ 

ချင်းပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ဇွန်လမှ စတင်ကာ ထန်တလန် မြို့နေပြည်သူ ၁၀,၀၀၀ ကျော်ဟာ မြို့ကို စွန့်ခွာကာ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ကျေးရွာတွေနဲ့ အိန္ဒိယနိုင်ငံ  မီဇိုရမ် ပြည်နည်သို့ သွားရောက်ခိုလှုံနေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013