DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါခရိုင်က ဝန်ထမ်းများကို YDF သတိပေး၊ ထီးလင်း ရပ်ကျေးစာရေး အများပြားနုတ်ထွက်
DVB
·
November 2, 2021
ဂန့်ဂေါခရိုင်က ဝန်ထမ်းများကို YDF သတိပေး၊ ထီးလင်း ရပ်ကျေးစာရေး အများပြားနုတ်ထွက်
1 / 5
Donate to DVB

မကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေအနေနဲ့  နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကနေ အမြန်ဆုံးနုတ်ထွက်ကြဖို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က နိုဝင်ဘာ ၁ ရက်နေ့က သတိပေးထုတ်ပြန်ပါတယ်။

ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထုနဲ့ ဆောမြို့နယ်တွေက စစ်ကောင်စီရဲ့ ဒေါက်တိုင် ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အားပေးအားမြှောက်ပြုလုပ်ပြီး ရုံးတက်တာတွေ ရပ်တန့်ကာ နိုဝင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ အလုပ်လုပ်တဲ့ ရုံးတွေက အမြန်ဆုံးထွက်ကြဖို့ အထူးသတိပေးတယ်လို့ ဆိုပါတယ်။

YDF တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးလုပ်ငန်းစဥ်တွေကို အစဥ်တစိုက် လုပ်ဆောင်မှာဖြစ်ပြီး CDM ဝန်ထမ်းတွေကို ကာကွယ်ကာ မိမိကိုကျိုးတစ်ခုတည်းကို ကြည့်ပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးနေတဲ့ Non-CDM ဝန်ထမ်းတွေကို အရေးယူတော့မယ်လို့ ကြိုတင်သတိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဆက်လက်ခြယ်လှယ် လုပ်ကိုင်နိုင် အောင် အားပေးနေတဲ့ သူမှန်သမျှကို အရေးယူတော့မှာဖြစ်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ရေး အတွက် ပါဝင်မှာလား၊ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ပံ့ပိုးမှာလားဆိုတာကို ရန်ငါစည်း ပြတ်သားစွာ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်လို့ သတိပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်မှာတော့ ရပ်ကျေးစာရေး တစ်ယောက်အသတ်ခံရပြီးနောက် ရပ်ကျေးစာရေးတွေ အများအပြား နုတ်ထွက်စာတင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထီးလင်းမြို့နယ် ဘူးတောင်း၊ အကြည်ဘန်း၊ ညောင်ရွာ၊ နတ်အင်း၊ အိုင်းမ၊ အကြည်ဝါးဘင်း၊ စို့ပြား၊ ဒန့်ဒီး၊ အညာဝါးဘင်းနဲ့ ကြာဥယျာဥ် ကျေးရွာအုပ်စုတွေက ရပ်ကျေးစာရေးတွေ တပြိုင်နက်တည်း နုတ်ထွက်စာတင်ကြတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နုတ်ထွက်စာတင်ထားကြတဲ့ ရပ်ကျေးစာရေးတွေကတော့ ကိုဝေလင်းအောင်၊ ကိုဆန်းဝင်းအောင်၊ ကိုဘိုဘိုအောင်၊ ဒေါ်လှဝေ၊ ကိုဝင်းမင်းပိုင်၊ ကိုဝင်းအောင်၊ ကိုကျော်မျိုးတင့်၊ ကိုတင်နိုင်လင်း၊ ဒေါ်ကြူကြူဝင်းနဲ့ ကိုလှိုင်ဝင်းအောင်တို့ ဖြစ်ပြီး နုတ်ထွက်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီရပ်ကျေးစာရေးတွေဟာ ကျန်းမာရေးအကြောင်းပြသူတစ်ချို့ရှိသလို ဌာနကပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် နုတ်ထွက်စာတင်ထားတဲ့ စာတွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားကြတယ်လို့ ပြောပါတယ်။

ထီလင်းမြို့နယ် ကျားခဲကျေးရွာမှာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဒလန်ရှင်းလင်းရေးအဖွဲ့တွေက ရပ်ကျေးစာရေးတစ်ယောက်နဲ့ ပျူစောထီး ၂ ယောက်ကို သုတ်သင်ရှင်းလင်းပြီးတဲ့နောက်မှာ အခုလို နုတ်ထွက်စာ တင်ထားကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013