DVB Logo
Home
မြန်မာသတင်း
ပုလဲတွင် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့ တိုက်ပွဲဖြစ်၊ ဘုတလင်က ဒလန်တစ်ဦး အသတ်ခံရ
DVB
·
November 2, 2021
ပုလဲတွင် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့ တိုက်ပွဲဖြစ်၊ ဘုတလင်က ဒလန်တစ်ဦး အသတ်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူကာကွယ်ရေးတပ် (ပုံတောင်နဂါးတပ်) တို့ နွယ်ရှောက်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁ ရက်နေ့ ည ၁၂ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနေ့ညက ကျနော်တို့ ပုံတောင်နဂါး အထူးတပ်နဲ့ဖြစ်တာဗျ။ နွယ်ရှောက်က စစ်ကောင်စီ သတင်းပေးဒလန်ကို ရွာသား‌နှစ်ယောက်က ဆဲဆိုတာကြောင့် အဲဒလန်က ပုလဲရဲစခန်းက ရဲနဲ့ စစ်သားကိုခေါ်တယ်။ အဲဒီရွာအသွားကို ကျနော်တို့ တိုက်ပွဲမဖြစ်သေးဘူး။ အဲရွာကအပြန်မှာ ကျနော်တို့ အထူးတပ်နဲ့ဖြစ်တာ။ သူတို့ဘက်က မြို့နယ်မှူးအဆင့်ရှိသူနဲ့ တပ်သား အများအပြားထိခိုက် ဒဏ်ရာရှိတာတွေရှိတယ်လို့ ကြားရတယ်ဗျ။ ကျနော်တို့ဘက်ကတစ်ယောက် ပျောက်ဆုံးနေသေးတယ်။ သေသလား၊ ရှင်သလား အတည်ပြုလို့ မရသေးဘူး။ လက်ရှိအချိန်အထိ ကျနော်တို့ ရှာဖွေနေဆဲဖြစ်တယ်” လို့ ပုလဲပြည်သူကာကွယ်ရေးတပ်က ဗိုလ်နဂါးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Double-Cubကား တစ်စီး ပျက်စီးခဲ့သလို စစ်ကောင်စီဘက်က အများအပြား ကျဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာမှာလည်း ဒလန်ဆိုပြီး အမည်ကျော်ကြားသူတစ်ဦး နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီလောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်ထဲဝင်ပစ်ခဲ့တာဗျ၊ သေနတ် ၆ ချက်ပစ်ခဲ့တယ်ပေါ့။ ဘာကြောင်ပစ်ခဲရတာလဲဆိုတော့ ဒီကောင်က ကျနော်တို့ PDF ကလေးတွေ စစ်ကောင်စီလာတဲ့လမ်းကို မိုင်းထောင်ရာမှာ ကလေးတွေကို ကြိမ်းမောင်းပြီး စစ်ကောင်စီကိုခေါ်ပြီး မှိုင်းတွေ ဖြုတ်ခိုင်တာတွေလုပ်ခဲ့တယ်။ နောက်ပြီး ‌ကျေးရွာအတွင်းက နိုင်ငံရေးတက်ကြွတဲ့ ကလေးတွေကို စစ်ကောင်စီကို သတင်းပေး ဖမ်းခိုင်းတာတွေ လုပ်ခဲ့တာကြောင့် အခုလိုရှင်းလိုက်ရတာပါ။ သေသလား၊ ရှင်သလားတော့ လက်ရှိချိန်မှာ အတည်ပြုလို့မရသေးဘူး”လို့ ဒေသတွင်း မြေအောက်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013