DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့က ပရဟိတအသင်းဥက္ကဋ္ဌအပါအဝင် ပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
November 2, 2021
လက်ပံတန်းမြို့က ပရဟိတအသင်းဥက္ကဋ္ဌအပါအဝင် ပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံရ
1 / 2
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ ပရဟိတအသင်းဥက္ကဋ္ဌဖြစ်သူ ကိုဝင်းမင်းစိုး အပါအဝင် ဒေသခံပြည်သူ ၅ ဦးထက်မနည်းကို အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းက အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကိုဝင်းမင်းစိုး နဲ့ နီးစပ်သူတဦးက “၃၁ ရက်နေ့ ညဦးပိုင်းက ရုံးတွေနားမှာ ဗုံးပေါက်တာကို သူတို့လုပ်တယ်ဆိုပြီး ဖမ်းသွားတာပဲ။ နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတယ်လို့ကြားတယ်” လို့ ပြောပါတယ်။

ကိုဝင်းမင်းစိုးဟာ လက်ပံတန်းမြို့၊ ဖြူစင်လူငယ်ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူဖြစ်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်နေတာလို့ သိရပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက ပရဟိတသမားတွေကို အကြောင်းရှာပြီး ဖမ်းတာကတော့ မဟုတ်သေးပါဘူး။ သူတို့အသင်းက မြို့မှာ တကယ်အလုပ်လုပ်တဲ့အဖွဲ့ဗျ။ သူ မရှိရင်တော့ သူ့အဖွဲ့သားတွေ ဘယ်လိုဆက်လုပ်မလဲမသိဘူးဗျာ။ မြို့အတွက် တကယ်အလုပ်လုပ်တဲ့ အဖွဲ့သားတွေမို့ နှမြောမိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ပရဟိတအသင်းဥက္ကဋ္ဌ ကိုဝင်းမင်းစိုးနဲ့အတူ ဖမ်းဆီးခံရသူတွေရဲ့ အမည်တွေ၊ နေရပ်လိပ်စာတွေနဲ့ ဖမ်းဆီးခံရမှုအသေးစိတ်ကို သိရှိနိုင်ဖို့ လက်ပံတန်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် “မင်းတို့မီဒီယာတွေကို ဘာအကြောင်းနဲ့မှ ဖြေစရာမလိုဘူး” လို့သာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

လက်ပံတန်းမြို့နယ်မှာ စစ်တပ်သတင်းပေးတွေ မြို့နဲ့မလိုက်အောင် များပြားပြီး အောက်တိုဘာ ၃၁ ရက်နေ့ညက မြို့နယ်ပြည်ခိုင်ဖြိုးရုံး၊ မြို့နယ်ပညာရေးမှူးရုံးနဲ့ ငါးမွေးမြူရေးဦးစီးမှူးရုံးတွေအနီးမှာ ဗုံးပေါက်ကွဲတာဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ပထမဆုံးပေါက်ကွဲမှုလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာလည်း မိုးမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌနဲ့ အသင်းသားအချို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားပြီး အသင်းပိုင်ပစ္စည်းတွေကို သိမ်းယူသွားတယ်လို့ သိရပါတယ်။

ပြည်မြို့နယ်အတွင်းက စစ်ကောင်စီသတင်းပေး ဒလန်နဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေရဲ့ အမည်စာရင်းနဲ့  နေရပ်လိပ်စာတွေကို ရရှိထားပြီးဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ လက်အောက်ကနေ နုတ်ထွက်ကြဖို့ နွေဦးဒံပေါက်(ပြည်)ပြောက်ကျားအဖွဲ့က ထုတ်ပြန် သတိပေးထားပါတယ်။

နွေဦးဒံပေါက်(ပြည်)ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက  “ပြတ်ပြတ်သားသား သတိပေးထားပြီးပြီလေ။ ဆက်လုပ်နေရင်တော့ သူတို့ကံကြမ္မာကို သူတို့ပဲ ဖန်တီးတယ်လို့ သတ်မှတ်ရမှာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရမှု များတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013