DVB Logo
Home
မြန်မာသတင်း
ပြန်အဖမ်းခံရပြီး စစ်ကြောရေးတွင် ကျဆုံးခဲ့သည့် နိုင်ကျဉ်း ၁ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၂၃၀ နီးပါးရှိလာ
DVB
·
November 2, 2021
ပြန်အဖမ်းခံရပြီး စစ်ကြောရေးတွင် ကျဆုံးခဲ့သည့် နိုင်ကျဉ်း ၁ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၂၃၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁,၂၂၉ ယောက်ထိ ရှိလာခဲ့တယ်လို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၅၉၂ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၁၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲကအယောက် ၃၀၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကွက်သစ်ကျေးရွာက ဘော်ဒါအုပ် ကိုဖြိုး ဝေထွန်းဟာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် နာရီပိုင်းအကြာမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

ကိုဖြိုးဝေထွန်း၊ ကိုဘုန်းဝေထွန်း၊ ကိုရှိုးဝေထွန်းတို့ ညီအစ်ကို ၃ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ ချောက်မြို့အခြေစိုက် ခလရ ၁၃ က အောက်တိုဘာ ၃၁ ရက်နေ့ ညအ ချိန်မှာ ဖမ်းဆီးသွားခဲ့ပြီး နောက်တနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ ကိုဖြိုးဝေထွန်းကျ ဆုံးသွားကြောင်း မိသားစုဆီ အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။

မကွေးဗဟိုအကျဉ်းထောင်ကနေ အောက်တိုဘာ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်နိုင်ထွန်း(ခ)အသေးလေးဟာ နေအိမ်မှာ အောက်တိုဘာ ၂၇ ရက်နေ့က ထပ်မံဖမ်းဆီးခံခဲ့ရပြီး နောက်တနေ့ အောက်တိုဘာ ၂၈ ရက်က စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုကျော်နိုင်ထွန်းရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းတခုလုံး အထူးသဖြင့် နောက်စေ့မှာ ကြေမွနေကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013