DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ၈ ဦးသေဆုံး
DVB
·
November 1, 2021
ဒီးမော့ဆိုတွင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ၈ ဦးသေဆုံး
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နိုင်ဝင်ဘာ ၁ ရက်ဒီကနေ့ ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား  ၈ ဦး သေဆုံးသွားတယ်လို့ KNDF က သတင်းထုတ်ပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီမှာ ဒီးမော့ဆိုမြို့ ထူလွီးဘီလာရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒီးမော့ဆိုမြို့နယ်မှာ ဒီနေ့ မနက် ၉ နာရီကနေ စပြီး တနေ့လုံးနီးပါး အပြန်အလှန်ပစ်ခတ်မှုတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့ပြီး နေ့ခင်း  ၂ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မနေ့ကလည်း  ဒီးမော့ဆို့မြို့မအုပ်စု၊ ငူးပလော့ရပ်ကွက်နေ ပြည်သူ ၂ ယောက် အသတ်ခံရပြီး နေအိမ်တစ်လုံးမီးရှို့ခံရပါတယ်။

ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ်မှာလည်း  လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်နေပြီး ဒေသခံ ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်က အင်းအားအလုံးအရင်းနဲ့ထိုးစစ်ဆင်တဲ့အတွက် စစ်ရေးတင်းမာနေပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့လမ်းကြောင်းတွေ ပိတ်နေကာ ဆေးဝါးနဲ့အစားသောက်အတွက် အကူအညီရောက်ဖို့ အခက်အခဲ‌တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

 Photo- KNDF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013