
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နိုင်ဝင်ဘာ ၁ ရက်ဒီကနေ့ ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးသွားတယ်လို့ KNDF က သတင်းထုတ်ပါတယ်။
ဒီကနေ့ နေ့လယ် ၂ နာရီမှာ ဒီးမော့ဆိုမြို့ ထူလွီးဘီလာရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ဒီးမော့ဆိုမြို့နယ်မှာ ဒီနေ့ မနက် ၉ နာရီကနေ စပြီး တနေ့လုံးနီးပါး အပြန်အလှန်ပစ်ခတ်မှုတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့ပြီး နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့ကလည်း ဒီးမော့ဆို့မြို့မအုပ်စု၊ ငူးပလော့ရပ်ကွက်နေ ပြည်သူ ၂ ယောက် အသတ်ခံရပြီး နေအိမ်တစ်လုံးမီးရှို့ခံရပါတယ်။
ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ်မှာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်နေပြီး ဒေသခံ ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်က အင်းအားအလုံးအရင်းနဲ့ထိုးစစ်ဆင်တဲ့အတွက် စစ်ရေးတင်းမာနေပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့လမ်းကြောင်းတွေ ပိတ်နေကာ ဆေးဝါးနဲ့အစားသောက်အတွက် အကူအညီရောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
Photo- KNDF