DVB Logo
Home
မြန်မာသတင်း
အာဏာရှင်လက်အောက် “ကျောင်းမပို့ဘူး”သပိတ်တွင်အားတက်သရော ပါဝင်ရန် နှိုးဆော်
DVB
·
November 1, 2021
အာဏာရှင်လက်အောက် “ကျောင်းမပို့ဘူး”သပိတ်တွင်အားတက်သရော ပါဝင်ရန် နှိုးဆော်
Donate to DVB

စစ်အာဏာရှင်လက်အောက် ရုံးမတက်၊ ကျောင်းမတက် သပိတ်မှောက်ပြီးချိန် ခုတခါမှာတော့ “ကျောင်းမပို့ဘူးသပိတ်”မှာ မိဘတွေကပါ အားတက်သရော ပါဝင်ပြီး အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ကျောင်းသားသမဂ္ဂတွေက နှိုးဆော်ထားပါတယ်။

အကြမ်းဖက် အာဏာလုစစ်ကောင်စီဟာ တရားမဝင်အစိုးရယန္တရားလည်ပတ်နိုင်အောင် အကြိမ်ကြိမ် ကြိုးစားနေတာဖြစ်ပြီး အခုနိုဝင်ဘာလမှာလည်း အခြေခံပညာစာသင် ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါဟာ ကျောင်းသားတွေ ပညာသင်ယူတတ်မြောက်ရေးအတွက် ဖွင့်တာမျိုးမဟုတ်ဘဲ သူ တို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်ကိုသာကြည့်ပြီး ကျဆင်းနေတဲ့ အစိုးရယန္တရားကြီး လည် ပတ်နိုင်ဖို့သာ ဆောင်ရွက်နေတာဖြစ်ကာခံယူချက်ခိုင်မာတဲ့ ပြည်သူ့ဘက်တော်သား CDM ဆရာကောင်းတွေနဲ့ ကျောင်းသားတွေကို မတရားဖိနှိပ်ဖမ်းဆီးထားပြီး ကျန်ရှိတဲ့ အလိုတူ အလိုပါဆရာတွေနဲ့ စစ်ကျွန်ပညာရေး ကို စိတ်တိုင်းကျအသက်သွင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက တော်လှန်ရေး တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ပုံဖျက်ဖို့ ကျောင်းတွင်းပစ်ခတ်ဖောက်ခွဲမှုတွေနဲ့အတူ ကျောင်းတက်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အကာအကွယ်ယူတာမျိုး တွေ လုပ်လာနိုင်တာမို့ သွေးစွန်းတဲ့လက်က ထိန်းချုပ်ထားတဲ့ စာသင်ခန်းအတွင်းကို မိမိသားသမီးတွေ အသက်အန္တရာယ်ကို အာမခံချက်မရှိဘဲ အတင်းမပို့ကြဖို့လည်း တိုက် တွန်းထားပါတယ်။

ဒီကနေ့ခေတ်မှာ ပညာရေးအဆက်မပြတ်ဖို့ မိမိနေအိမ်မှာပဲ စိတ်ဝင်စားရာ ပညာရပ်အ လိုက် Education Website, YouTube channel, သင်တန်းအသီးသီးကနေ အချိန်မရွေး လေ့လာဆည်းပူးနိုင်နေပြီဖြစ်တာမို့ အာဏာရှင်တွေရဲ့ စစ်ကျွန်ပညာရေးကို ပြတ်ပြတ် သားသား ငြင်းဆန်သပိတ်မှောက်ကြဖို့၊ ငြိမ်းချမ်းလွတ်လပ်စွာ ပညာသင်ကြားနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ချိန်ရောက်မှ မိမိအဖိုးတန်သားသမီးတွေကို စာသင်ခန်းဆီပို့ပေးကြဖို့လည်း မေတ္တာရပ်ခံတောင်းဆိုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့်  ကလေးတွေ ကျောင်းတနှစ်နားခဲ့ရပြီး စစ်အာဏာသိမ်း တဲ့ အကျိုးဆက်အဖြစ်  ကလေးတွေ စာမသင်ရဘဲ  နောက်ထပ် ၁ နှစ် နားခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ ၁ ရက် ဒီကနေ့မှာ  တစ်နိုင်ငံလုံးက  ကျောင်းတွေ ပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ ရန်ကုန်အပါအဝင် မြို့တွေအတော်များများရှိ အခြေခံပညာကျောင်းတွေမှာတော့  ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာအနည်းငယ်ပဲရှိတယ်လို့  ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဂွမြို့နယ်ကလွဲလို့ ကျန်မြို့နယ်အားလုံးက အခြေခံပညာ စာသင်ကျောင်းတွေ အားလုံးနီးပါး ဒီနေ့မှာ ပြန်လည်ဖွင့်လှစ် နေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013