DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်များကို ပြန်စတင်လက်ခံ၊ နိုင်ငံခြားသား ၃၀,၀၀၀ ကျော်ဝင်လာ
DVB
·
November 1, 2021
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်များကို ပြန်စတင်လက်ခံ၊ နိုင်ငံခြားသား ၃၀,၀၀၀ ကျော်ဝင်လာ
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့်  နိုင်ငံခြားသားခရီးသွားတွေကို ကန့်သတ်မှုများစွာနဲ့ ပြည်ဝင်ခွင့်ပိတ်ထားခဲ့ရာမှာ ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ ကွာရန်တင်းဝင်စရာမလိုတဲ့ တံခါးဖွင့်အစီအစဉ် စတင်လိုက်ပါတယ်။ 

ဒီနေ့ နိုင်ငံပေါင်း ၆၃ နိုင်ငံက နိုင်ငံခြားခရီးသွားဧည့်သည်တွေကို စတင်လက်ခံရာမှာ သုဝဏဘုမ္မိ နိုင်ငံတကာလေဆိပ်အပါအဝင် လေဆိပ်ပေါင်း ၆ ခုမှာ လေကြောင်းပေါင်း ၄၀၀ ကျော်ကနေ နိုင်ငံခြားသား ၃၀၀၀၀ ကျော် ရောက်လာတယ်လို့ ထိုင်းလေကြောင်းကုမ္ပဏီ ဗဟိုအလုပ်အမှုဆောင်ဒါရိုက်တာ နိုင်းနိသီနိုင်း ဆီဆမတ်ကန်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါလေကြောင်းတွေထဲမှာ ပြည်တွင်းလေကြောင်းလိုင်းမှ ၂၃၀ ကြောင်း၊ နိုင်ငံခြားလိုင်းမှ ၁၁၀ ကြောင်းနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့လေကြောင်းက ၁၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူတွေကို နိုင်ငံတကာစံချိန်မီကျန်းမာရေးစစ်ဆေးခဲ့သလို ၊ အော်တိုမစ်တစ်ချက်ကင်လုပ်နိုင်တဲ့ CUSS ( Cpmmon Use Self Service ) စက်အလုံးရေ ၁၉၆ လုံး၊ အော်တိုမစ်တစ် အထုတ်အပိုးသယ်ပေးတဲ့စက် CUBD ( Common Use Bag Drop ) ၄၂ လုံးတပ်ဆင်ပေးထားတယ်လို့လည်းထိုင်းလေကြောင်းကုမ္ပဏီ အရာရှိက ပြောပါတယ်။ 

ကိုဗစ်-၁၉ ကပ်ဘေးကာကွယ်ဆေး အပြည့်ထိုးနှံပြီးစီးတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ဒီနေ့ ဘန်ကောက်လေဆိပ်ကနေ စတင် ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်းက ကျွန်းတွေဆီ သူငယ်ချင်းတွေနဲ့အတူအလည်လာတဲ့ ဂျာမန်ခရီးသည်က  “အခုဥရောပမှာ တော်တော် အေးလာပြီ။ ကျနော်တို့ ဒီလေယာဉ် စီးပြီးလာတော့  ထိုင်းကို ရောက်တဲ့ ပထမဆုံး လေကြောင်းခရီးစဉ်ဖြစ်နေတယ်”လို့  ပြောပါတယ်။

ခရီးသည်တွေဟာ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်း ကျန်းမာရေး အရာရှိတွေနဲ့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေကို "Thailand Pass" လို့ ခေါ်တဲ့ စာရွက်စာတမ်းကို ပြဖို့ လိုပါတယ်။

QR code form ပါတဲ့ စာရွက်စာတမ်းဟာ ထိုင်းသံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးက ပေးတဲ့ ဝင်ခွင့်လက်မှတ်ကို အစားထိုးဖို့ ရည်မှန်း ထားတာပါ။

အာရှပစိဖိတ်ဒေသအတွင်း ခရီးသည်အလာဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တနှစ်ကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ၃ သန်းလောက် ဆုံးရှုံးခဲ့တာပါ။ကိုးကား -  https://www.facebook.com/chiangmainews/photos/a.156334424461341/4542659525828787/?type=3

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013