DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း၌ စစ်ကောင်စီတပ်နှင့် မိုင်တဲလ်တာဝါတိုင်ဗုံးခွဲခံရ၊ အုပ်ချုပ်ရေးမှူးနှင့် ဒလန်များ အသတ်ခံရ
DVB
·
November 1, 2021
မကွေးတိုင်း၌ စစ်ကောင်စီတပ်နှင့် မိုင်တဲလ်တာဝါတိုင်ဗုံးခွဲခံရ၊ အုပ်ချုပ်ရေးမှူးနှင့် ဒလန်များ အသတ်ခံရ
1 / 4
Donate to DVB

မကွေးတိုင်းအတွင်း မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိုင်တဲလ်တာဝါတိုင်တွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေ အသတ်ခံရတယ်လို့   ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေထံက သိရပါတယ်။

ပခုက္ကူမြို့မှာ ဒီမနက်ပိုင်း PPDF တပ်ဖွဲ့က ဗုံးအတုချပြီးတော့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိသွားတယ်လို့ PPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီကနေ့မနက် ၆ နာရီလောက်က PPDF တပ်ဖွဲ့က ဗုံးအတု ချထားပြီး ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ လာရောက်စစ်ဆေးတဲ့အချိန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ ပခုက္ကူမြို့နယ် PDF နဲ့ ပူးပေါင်းပြီးတော့ မိုင်းခွဲတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ မြင်းခြံ BGF ခေါင်းဆောင် ရဲဘော်အင်းဆက်  အောက်တိုဘာ ၃၀ ရက်နေ့က စစ်အုပ်စုကို ခုခံရင်း ကျဆုံးခဲ့ရတာကြောင့် ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်က ရွှေချောင်းတံတားမှလည်း နိုဝင်ဘာ ၁ ရက်နေ့မနက် ၆ နာရီဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

''ရွှေချောင်းတံတားထိပ်မှာကွဲတာ။ စခတွေ လမ်းပိတ်ထားလို့ ဘာတွေဖြစ်သွားလည်း မသိဘူး'' လို့ ပြောပါတယ်။ ဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။

မြိုင်မြို့နယ် ကန်ကြီးတောရွာအနီးက ချောင်းဆုံလမ်းမပေါ်မှာလည်း ဒီမနက် ၁၀ နာရီ ကျော်လောက်က အကြမ်းဖက်စစ်ကောင်စီရဲ့ရဲကားတစ်စီးကို MVRF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲတစ်ယောက် အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ MVRF ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရဲကားပေါ်မှာ ရဲ ၁၀ ယောက်လောက်ပါတာဗျ။ မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ကစဥ်ကလျားတွေဖြစ်သွားပြီးတော့ ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ထိခိုက်တာမရှိဘူး။ ရဲတစ်ယောက်ကတော့ အပြင်းထန်ဒဏ်ရာရသွားပြီးတော့ သေမသေ မသိရသေးဘူး။” 

ဆိပ်ဖြူမြို့နယ်မှာလည်း အင်းဂံရွာနားမှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင်ကို အောက်တိုဘာ ၃၁ ရက်နေ့ည ၁၂ နာရီလောက်က CAF-MGPDF နဲ့ King Fighter အဖွဲ့တို ပူးပေါင်းကာ ဖောက်ခွဲမီးရှို့ခဲ့တယ်လို့ CAF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ကင်မွန်းထောင့်ကျေးရွာက ဒလန်တစ်ယောက်အိမ်ကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်သတိပေးခဲ့သလို ဒလန်ဆက်လုပ်နေပါက ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တပ်ကုန်းကျေးရွာမှာလည်း စစ်ကောင်စီခန့်ပ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ဦး  ဒီ မနက် ၉ နာရီလောက်  ပစ်သတ်ခံခဲ့ရပါတယ်။

ဒေသခံတဦးက ''သူ့ရဲ့ တပ်ကုန်းရွာထဲက အိမ်မှာပဲ ပစ်သတ်ခံရတာ။ သေနတ်သံတွေ ဆူညံသွားတာပဲ။ အလောင်းကတော့ အိမ်နောက်ဖေးမှာတွေ့တယ်။ ဘယ်သူတွေ လာပစ်သွားတာ လည်းတော့ မမြင်လိုက်ကြရဘူး'' လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာလို့ အဖွဲ့တာဝန်ခံက အတည်ပြုပါတယ်။

မကွေးတိုင်းအတွင်း ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရုံးဌာနတွေနဲ့ သူတို့နဲ့ ဆက်နွှယ်တဲ့နေရာတွေကို မသွားကြဖို့နဲ့ ကားသမားတွေအနေနဲ့လည်း မိုးကာအုပ်ပြီးတော့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ PDF အဖွဲ့တွေက သတိပေးထားပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပြည်သူလူထုကိုမထိခိုက်ဘဲ စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ဖြိုဖျက်ပြီး ရရာနည်းလမ်းနဲ့ အမြစ်ပြတ် တော်လှန်တိုက်ထုတ်သွားကြမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013