DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် နောင်မွန်မြို့အ၀င် စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ
DVB
·
November 1, 2021
ကချင်ပြည်နယ် နောင်မွန်မြို့အ၀င် စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ
Donate to DVB

ကချင်ပြည်နယ်၊ ခါကန်ဘိုတောင်ခြေ၊ နောင်မွန်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၃၁ ရက် မနေ့ည ၁၁ နာရီ ဝန်းကျင်က   မီးရှို့ဖျက်ဆီးခံရတယ်လို့  နောင်မွန် ဒေသခံတွေထံက သိရပါတယ်။

နောင်မွန်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေတိုးလာလို့ မြို့အ၀င် စစ်ဆေးရေးဂိတ်ထားရှိတာဖြစ်ပေမဲ့ စစ်ကောင်စီက ဒီဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို  မတရားသဖြင့် အာဏာကိုအသုံးချလို့ မီးရှုံ့ဖျက်ဆီးခံရတယ်လို့ ဒေသခံက ပြောပါတယ်။

"နောင်မွန်‌ ဒေသခံပြည်သူတွေက  မြို့အဝင်ဂိတ်ကိုဖြတ်ပြီး လယ်ယာလုပ်ကိုင်စားသောက်နေ ရတာဖြစ်တယ်။‌ အဲ့ဒီအ၀င်ဂိတ်ကို အာဏာသိမ်းစစ်ကောင်စီနဲ့နီးစပ်သူတွေကိုတော့ ဖြတ်သန်း သွားလာခွင့်ပြုတယ်။ တခြားဒေသခံတွေကို သွားခွင့်မပြုတဲ့အတွက် သွားလာဖို့ အရမ်းခက်တယ်။ နောင်မွန်ပြည်သူတွေအတွက် တရားမျှတမှုမရှိလို့ မကျေနပ်တဲ့သူတွေ မီးရှို့သွားတာ ဖြစ်မယ်၊”။

မြန်မာနိုင်ငံရဲ့ မြောက်ဘက်ဆုံးသော မြို့နယ်ဖြစ်တဲ့ နောင်မွန်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံသူတချို့က တစ်အိမ်ကိုတစ်ယောက်နှုန်းနဲ့ ပြည်သူ့စစ် သင်တန်း တက်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013