DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ် သမဦးစီးမှူးနေအိမ် ဗုံးကွဲ
DVB
·
November 1, 2021
ဆားလင်းကြီးမြို့နယ် သမဦးစီးမှူးနေအိမ် ဗုံးကွဲ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် သမဦးစီးမှူး ဒေါ်တင်မာအေး(ခ) ဒေါ်တိုးတိုးရဲ့ နေအိမ်ကို အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီက ဗုံးဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဗုံးဖောက်ခွဲမှုကြောင့်  နေအိမ်ခြံစည်းရိုး အုတ်နံရံအက်ကွဲတာလောက်ပဲ ရှိပြီး ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဆာလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်က ဒီဖောက်ခွဲမှုဟာသူတို့လက်ချက်ဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။ 

“အဲဒီ မိန်းမကြီးက သမဝါယမချေးငွေတွေကို ပြည်သူတွေဆီကနေ အတင်းအဓမ္မ ခြိမ်းခြောက်ငွေကောက်ခံတာတွေ လုပ်တယ်။ နောက်ပြီး ဝန်ထမ်းတွေကို စစ်ကောင်စီအလိုကျ အတင်းအဓမ္မရုံးတက်ခိုင်းတာတွေ၊ နေ့စဉ်နေ့တိုင်း စိတ်ဆင်းရဲအောင် လုပ်နေတာကြောင့် ကျနော်တို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SPDF က အခုလိုဗုံး‌ဖောက်ပြီး ပထမ အကြိမ်သတိပေးတာ” လို့ ဆာလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးမြို့ပေါ်မှာ အောက်တိုဘာလအတွင်း အခုလိုဗုံးပေါက်ကွဲတာ နှစ်ကြိမ်ရှိခဲ့ပြီး ပထမအကြိမ် လဝကရုံးဗုံးပေါက်ကွဲမှုမှာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013