DVB Logo
Home
မြန်မာသတင်း
၁လအတွင်း KNU နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ၃၀ ကျော်ဖြစ်
DVB
·
November 1, 2021
၁လအတွင်း KNU နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ၃၀ ကျော်ဖြစ်
Donate to DVB

မွန်ပြည်နယ် သထုံနဲ့ဘီလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က နယ်မြေကျူးကျော် ဝင်ရောက်လာတဲ့အတွက် အောက်တိုဘာလအတွင်း  တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၄၀၆ နဲ့ အမှတ် ၁၀၁၄ BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ နယ်မြေကျူးကျော်ကာ စစ်ရေးလှုပ်ရှားလာတဲ့အတွက် KNLAနဲ့ KNDO တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၄၀ ကျော် သေဆုံးခဲ့တာပါ။

ကေအန်ယူ၊ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက "သူတို့က လာရောက်ပြီး ကျူးကျော်လှုပ်ရှားလာလို့ ထိတွေ့ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားတာ။ သူတိုက ကေအန်ယူ သတ်မှတ်ထားတဲ့နေရာကို ကျော်ပြီးသွားလာလှုပ်ရှားတော့ ကျနော်တို့ KNLA၊ KNDO နဲ့တွေ့ပြီး ပစ်ခတ်မှုတွေဖြစ်တာ" လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်လာတယ်လို့ ဆိုပါတယ်။

အလားတူ ကျိုက်ထိုမြို့နယ်မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့  ခမရ ၂၀၇ နဲ့ ခမရ ၅၉၈ တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နယ်မြေခံ KNLA တပ်ရင်း ၃ နဲ့ ထိတွေ့ပစ်ခတ်မှု ၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် ကျဆုံးခဲ့တယ်လို့  ကေအန်ယူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးလတာ အပစ်ရပ်စဲကြောင်း စက်တင်ဘာ ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013