DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း ထိုင်းဘက် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမား ၅၀၀ ခန့် ဖမ်းမိ
DVB
·
October 31, 2021
တပတ်အတွင်း ထိုင်းဘက် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမား ၅၀၀ ခန့် ဖမ်းမိ
1 / 4
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကနေ တပတ်အတွင်း ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖရနဲ့ မယ်လမတ်မြို့တို့ဘက်ကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား ၅၀၀ လောက်  ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နယ်စပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အပါအဝင် မြို့တချို့မှာ အလုပ်လုပ်ဖို့ ခိုးဝင်ကြတာဖြစ်ပြီး လူကုန်ကူးသူကို တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်ကလည်း ဖုတ်ဖရမြို့နယ်၊  ခီးရီလပ်ရပ်ကွက် ၁၂ မှာ ထိုင်းစစ်တပ်က လုံခြုံရေးဆောင်ရွက်နေစဉ် မြဝတီခရိုင် ကျောက်ခက်ကျေးရွာကနေ တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၆  ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး ဖမ်းဆီးမိတဲ့ မြန်မာအလုပ်သမားတွေဟာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခံရမယ့်အပြင် တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဆိုခံရမှာလည်း ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အလုပ်ရုံ၊ စက်ရုံတွေမှာလည်း တရားမဝင် လာရောက်သူ ရှိ၊ မရှိ ထိုင်းရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်စစ်ဆေး ရှာဖွေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်တွေကို နှစ်နိုင်ငံ ပိတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက် မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံဘက် တရားမဝင် လာရောက်သူတွေ နေ့စဉ်ဆိုသလို ရှိနေပြီး ဖမ်းဆီးခံရတာတွေ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013