DVB Logo
Home
မြန်မာသတင်း
တရက်တည်း ထိုင်းဘက်ခိုးဝင် မြန်မာ အယောက် ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
October 31, 2021
တရက်တည်း ထိုင်းဘက်ခိုးဝင် မြန်မာ အယောက် ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအယောက် ၁၁၀ တရက်တည်း ဖမ်းဆီးခံခဲ့ရတယ်လို့  ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံအနောက်ဘက် ကန်ကျနပူရီခရိုင်ရှိ နယ်စပ်ကနေ ဝင်ရောက်လာတဲ့ အုပ်စု ၃ စုကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးအုပ်စုမှာတော့ ၃၈ ယောက် ပါဝင်ပြီး ဆန်ခလဘူရီမြို့နယ် ဘန့်ခေါင်ကျေးရွာအုပ်စုက ကြံစိုက်ခင်းထဲမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူတို့ဟာ ပဲခူး၊ မော်လမြိုင်နဲ့ မန္တလေးမြို့တွေကနေ ထိုင်းနိုင်ငံ ချွန်ဘူရီ၊ ဆမွတ်စာခွန်းနဲ့ ဘန်ကောက်ခရိုင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ ပွဲစားခ ဘတ် ၁၅,၀၀၀ စီပေးပြီး ခုလိုဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့အုပ်စုမတိုင်ခင် အစောပိုင်းကတော့ ၁၈ ယောက် ပါဝင်တဲ့ အုပ်စုနဲ့ ၅၄ ယောက် ပါဝင်တဲ့ အုပ်စု ၂ စုကို မနက်အစောပိုင်း ၄ နာရီခွဲနဲ့ ၆ နာရီတွေမှာ ကန်ကျနပူရီခရိုင် ဆန်ခလာဘူရီမြို့နယ်ထဲမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့အားလုံးကို ဖမ်းဆီးထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ ကိုဗစ်-၁၉ ကာလအရေးပေါ်အခြေအနေ ဖောက်ဖျက်ကျူးလွန်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ် အရေးယူမှာဖြစ်ပြီး နေရပ်ပြန်ပို့သွားမယ်လို့ ဆိုပါတယ်။

လတ်တလော ထိုင်း-မြန်မာ နယ်စပ်မှာ တရားမဝင် ဝင်ရောက်လာသူတွေ နေ့စဉ်လို ဖမ်းဆီးရမိနေတာမို့ နယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013