DVB Logo
Home
မြန်မာသတင်း
ရေစကြို မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲမီးရှို့၊ ထီးလင်းတွင် ဒလန် ၃ ဦး ပစ်သတ်ခံရ
DVB
·
October 31, 2021
ရေစကြို မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲမီးရှို့၊ ထီးလင်းတွင် ဒလန် ၃ ဦး ပစ်သတ်ခံရ
Donate to DVB

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကိုင်းရွာနားမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို အောက်တိုဘာ ၃၀ ရက်နေ့ညမှာ  ရေစကြို PDF တပ်ဖွဲ့က ဖောက်ခွဲမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတာဝါတိုင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း တစ်ကြိမ်ဖောက်ခွဲခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအင်အားအပြည့်နဲ့ လာရောက်ပြုပြင်သွားတာကြောင့် ဒုတိယအကြိမ်ထပ်မံ ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့တာလို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မိုင်တဲလ် Sim ကတ်တွေကို လုံးဝအသုံးမပြုကြဖို့နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်မှန်သမျှကို သပိတ်မှောက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ရေစကြိုPDFတပ်ဖွဲ့ဟာ အောက်တိုဘာလ ၂၈ ရက်နေေ ညကလည်း ပိတ်သင်းကပ် ရွာနားမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ဖောက်ခွဲ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့ည ၁၀ နာရီလောက်က စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တွေဖြစ်တဲ့ ရပ်ကျေးစာရေး ကျောက်ခဲ၊ ပျူစောထီးအဖွဲ့တွေဖြစ်တဲ့ အောင်ပုနဲ့ ဇော်လွင်တို့ ၃ ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီပျူစောထီးဒလန်တွေဟာ ကျေးရွာဒေသခံတစ်ယောက်ကို ဓားနဲ့ခုတ်ခဲ့သလို အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရွာမှာရှိတဲ့ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတာကြောင့် အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဓားခုတ်ခံရတဲ့ ပြည်သူတစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက လိုက်လံရှာဖွေနေတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စစ်အုပ်စုက မိသားစုဝင်တွေကိုလည်း ခေါ်ယူစစ်ဆေးနေတာကြောင့် ရှောင်တိမ်းနေကြရတယ်လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ သတင်းပေးဒလန်ပျူစောထီးတွေကို ဒလန်ရှင်းလင်းရေးအဖွဲ့တွေက မကြာခဏသုတ်သင်နေတာကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ကြံဖွတ်ပါတီဝင်တွေ အများအပြားနုတ်ထွက်ထားသလို ပျူစောထီးအဖွဲ့တွေ အလင်းဝင်လာတာကြောင့် သတိထားစောင့်ကြည့်နေတယ်လို YDF-ထီးလင်းရဲ့တာဝန်ရှိသူက ဆိုပါတယ်။

ထီးလင်းမြို့နယ်ထဲမှာ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဇီးတောရွာက ပျူစောထီးတွေသယ်လာတဲ့ တူးမီးသေနတ် အလက် ၂၀ သိမ်းဆည်းနိုင်ခဲ့သလို အောက်တိုဘာ ၁၄ ရက်နေ့မှာလည်း တူမီးသေနတ် ၂၅ လက်နဲ့အတူ ဇီးတောရွာပျူစောထီး အယောက် ၃၀ လောက် YDF-ထီးလင်ထံကို အလင်းဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013