DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုများ ချက်ချင်းရပ်တန့်ရန် အာဏာသိမ်းစစ်တပ်ကို ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီသတိပေး
DVB
·
October 30, 2021
စစ်ရာဇဝတ်မှုများ ချက်ချင်းရပ်တန့်ရန် အာဏာသိမ်းစစ်တပ်ကို ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီသတိပေး
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မတရားလုယူထားတဲ့ နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရဆီ ချက်ချင်း ပြန်လည်အပ်နှံဖို့  ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက သတိပေးလိုက် ပါတယ်။

အောက်တိုဘာ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ အနော်ရထာနဲ့ အလောင်း မင်းတရားအထူးစစ်ဆင်ရေးအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကြောင့် မြန်မာနိုင်ငံအနောက်မြောက်ဘက်ခြမ်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေထဲက အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ(UNSC)အနေနဲ့လည်း အထူးအစည်းအဝေးတရပ်ကို ခေါ်ယူကျင်းပပြီး ကြိုးပမ်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အလုံအလောက် အချိန်မီရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြဖို့နဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု ရပ်တန့်နိုင်ရေးအတွက် အိမ်နီး ချင်းအိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နည်းလမ်းမျိုးစုံနဲ့  ဖိအားပေး လုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန် ဘုရား ကျောင်းနဲ့ သာသနိကအဆောက်အအုံတွေ အနည်းဆုံး ၃ ခုအပါအဝင် လူနေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အ ထွေထွေညီလာခံမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ပြည်သူတွေကို စစ်တပ်ရဲ့ ရက် စက်ကြမ်းကြုတ်မှုတွေမှ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝန်း စစ် ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အလျင်အမြန်ပြုလုပ်နိုင်ဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့တွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အလေးအနက် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013