DVB Logo
Home
မြန်မာသတင်း
ထန်တလန်တွင် စစ်ကောင်စီတပ်၏အကြမ်းဖက်မှု အရေးယူမည်ဟု CRPH ပြော
DVB
·
October 30, 2021
ထန်တလန်တွင် စစ်ကောင်စီတပ်၏အကြမ်းဖက်မှု အရေးယူမည်ဟု CRPH ပြော
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အနေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရေး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက်က စတင်ကာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့က အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံး ၁၅၀ ကျော်နဲ့ ဘာသာရေးအဆောက်အအုံတွေ မီးလောင် ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူလုယက်တာ၊ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေကို  ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်နေတယ် လို့ CRPH က ဆိုပါတယ်။

ဒါကြောင့်မို့ ချင်းပြည်နယ်အတွင်းက အရပ်သားပြည်သူတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ စစ်ဘေးဒဏ်ပြင်းထန်စွာခံစားနေကြရပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ CRPH က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013