DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး အသတ်ခံရ
DVB
·
October 29, 2021
ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး အသတ်ခံရ
Donate to DVB

ပုလဲမြို့နယ်၊ လှော်ကားကြီးကျေးရွာက ဒလန်လိုအမည်ကျော်ကြားသူ တစ်ဦးကို အမည်မသိ လက်နတ်ကိုင်အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့ မနက်အစောပိုင်း  ၂ နာရီလောက်က လာသတ်သွားတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

ဒေသခံရွာသားတစ်ဦးက “ကျနော်တို့ အိပ်ကောင်းတဲ့အချိန်ကြီး ရွာထဲကို လူစိမ်းတွေဝင်လာပြီး ကိုမောင်ဆွေကို နေအိမ်အတွင်း လာသတ်ပြီး အလောင်းပါ သင်္ချိုင်းအရောက် သင်္ဂြိုဟ်ပေးသွားကြတာ။ လာသတ်တဲ့သူတွေက မျက်နာတွေ အဝတ်စည်းထားကြတာဆို့တော့ ဘယ်သူတွေမှန်း မသိလိုက်ရဘူးဗျ။ ဘာကြောင့် အသတ်ခံရတာလဲဆိုတော့ ဒလန်လုပ်လို့ဆိုလား၊ ဘာဆိုလားမသိဘူး။ အသတ်ခံရတာတော့ သေချာတယ်ဗျ” လို့ ပြောပါတယ်။

လှော်ကားကြီးကျေးရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေးနေသူ အားလုံးကို ရပ်တန်းကရပ်ကြဖို့နဲ့ မေတ္တာရပ်ခံချက် မလိုက်နာပါက အသက်အန္တရယ်အာမ မခံနိုင်ဘူလို့ ဒေသတွင်းဒလန်ရှင်းလင်းရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အလားတူ ဆာလင်းကြီးမြို့နယ် တုံကျေးရွာအုပ်စု၊ တောကျောင်းကျေးရွာက လူတစ်ဦး အောက်တိုဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်လောက် လမ်းခုလပ်တနေရာမှာ အသတ်ခံရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

*သေတဲသူအမည်က ဝေဠုကျော်တဲ့ဗျ။ ဦးခေါင်းကို နောက်ကနေ သေနတ်နဲ့ တေ့ပစ်သွားတယ်။ ဘာကြောင့်အပစ်ခံရတယ်ဆိုတာကိုတော့ မသိရဘူးဗျ။ အခုချိန်အသက်ခံရတာ ဒလန်လုပ်လို့ အသတ်ခံရတယ်လို့ပဲ ပြောရမှာပဲဗျ။ သူအဖေက ရွာထဲပတ်ကြိမ်းတာတွေ မနေ့ကတော့ လုပ်ခဲ့တာတွေ ရှိခဲ့တယ်။ စစ်တပ်ခေါ်လိုက်ရမလား၊ ဘာလားပေါ့ဗျာ။ အဲလိုကြိမ်းတာတော့ရှိခဲ့တယ်။” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်း အသတ်ခံရသူတွေရဲ့ အခြေအနေကို သိရဖို့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဆာလင်ကြီးမြို့နယ်အတွင်း အောက်တိုဘာ တစ်လအတွင်း ဒလန်ဆိုပြီး အမည်ကျော်ကြားသူ ၄ ဦးအထိ အသတ်ခံထားရပြီး စစ်ကောင်စီတပ်ဘက်ကလည်း အောက်တိုဘာ ၂၉ ရက်နေ့ တစ်ရက်တည်း လေယာဉ်များအသုံးပြုကင်းလှည့်ဆောင်ရွက်နေတာ ၄ ကြိမ်အထိရှိနေပြီလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013