DVB Logo
Home
မြန်မာသတင်း
ချက်သမ္မတနိုင်ငံတွင် NUG အစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်
DVB
·
October 29, 2021
ချက်သမ္မတနိုင်ငံတွင်  NUG အစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်
Donate to DVB

အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ  မြန်မာကိုယ်စားလှယ်ရုံးကို  အောက်တိုဘာ ၂၇ ရက်က ချက်သမ္မတနိုင်ငံမြို့တော် ပရာဟာမှာ ဖွင့်လှစ်လိုက်ပါတယ်။ 

ရုံးဖွင့်ပွဲကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးပေါ်လစီဌာနညွှန်ကြားရေးမှူး  DAVID ČERVENKA တက်ရောက်ပြီး ချက်သမ္မတနိုင်ငံအနေနဲ့ NUG အစိုးရအား ဆက်လက်ပံ့ပိုးအားပေးကူညီသွားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း  ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန််မာကိုယ်စားလှယ်ရုံး ရုံးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုမြန်မာကိုယ်စားလှယ်ရုံး ဖွင့်ပွဲကျင်းပနိုင်တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးတို့အတွက် ဘဝတွေနဲ့ ရင်းကား ကြိုးစားလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ အစဉ်အတူတကွ ရပ်တည်သွားမယ်လို့လည်း ညွှန်ကြားရေးမှူး DAVID ČERVENKA ကပြောပါတယ် ။ 

ဖွင့်ပွဲကို မြန်မာ့အရေး အားပေးကြသော ချက်နိုင်ငံသားတွေ ၊ ချက်သမ္မတနိုင်ငံမှာ ခေတ္တ ရောက်ရှိနေတဲ့ NUG  လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်နဲ့  မြန်မာနိုင်ငံသားတွေလည်း တက်ရောက်ခဲ့ပါတယ်။ 

အခုလို  ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန််မာကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်တဲ့ အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာပေးပို့ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အန္တိမ နိုင်ငံရေးပိန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေးအတွက် နိုင်ငံတကာ မိတ်ဖက်နိုင်ငံတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အားပေးထောက်ခံမှု အင်အားဟာ သံတမန်မျက်နှာစာမှာ တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိက ပင်မ အသက်သွေးကြောဖြစ်တယ်လို့ လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013