DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ်တွင် ကျပ်သန်းပေါင်း ၁၂,၉၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 29, 2021
အမရပူရမြို့နယ်တွင် ကျပ်သန်းပေါင်း ၁၂,၉၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

မန္တလေးမြို့ အမရပူရမြို့နယ် ထုံးဘို - မြစ်ငယ်သွားကားလမ်းအနီးမှာ ရပ်ထားတဲ့ ကားပေါ်ကနေ ကျပ်သန်းပေါင်း ၁၂,၉၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ အောက်တိုဘာ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ကားဟာ ရွာငံ-ကျောက်ဆည် လမ်းကနေ လာတာဖြစ်ပြီး မသင်္ကာတဲ့အတွက် သက်ဆိုင်ရာက နောက်ကလိုက်ကာ ဖမ်းဆီးခဲ့တာလို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ကားကို ယာဉ်မောင်း ထက်မြတ်ဟိန်း (၂၆ နှစ်)က မောင်းလာတာဖြစ်ပြီး ကားနောက်ခန်း ကြမ်းခင်းအောက် အံဝှက်ထဲကနေ ကာလတန်ဖိုး ကျပ်သန်း ၁၂၉၀၀ ရှိတဲ့ အိုက်စ် စုစုပေါင်းအလေးချိန် ၈၆၀ ကီလိုခန့် သိမ်းဆည်းရမိခဲ့ပါတယ်။

ယာဉ်မောင်းကနေတဆင့် မူယစ်ဆေးဝါးသယ်ဆောင်ခိုင်းသူ နေလင်းဦး (၄၇ နှစ်) ကို ရွာငံ - ကျောက်ဆည်သွားကားလမ်း၊ သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးရမိခဲ့ပြီး နေလင်းဦးနဲ့ အတူကားပေါ်မှာလိုက်ပါလာတဲ့ ခတ္တာ (၃၀ နှစ်)၊ သိမ့်သိမ့်အေး (၂၈ နှစ်) တို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို မြစ်ငယ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013