DVB Logo
Home
မြန်မာသတင်း
ခင်ဦးက သတင်းပေးနှစ်ဦး အသတ်ခံရ၊ ထီးချိုင့်တွင် မူးယစ်ဆေးသယ်သူနှစ်ဦးကို PDF ကဖမ်းမိ
DVB
·
October 29, 2021
ခင်ဦးက သတင်းပေးနှစ်ဦး အသတ်ခံရ၊ ထီးချိုင့်တွင် မူးယစ်ဆေးသယ်သူနှစ်ဦးကို PDF ကဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာမှာ အောက်တိုဘာ ၂၈ မနက်ပိုင်းက သတင်းပေးဒလန်လို့ အမည်ထွက်နေတဲ့ အမျိုးသားနှစ်ဦး အသတ်ခံလိုက်ရပါတယ်။

စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေသူ ဦးညိုရင်နဲ့ ဦးဇော်လွင်တို့နှစ်ဦးဟာ မနက် ၉ နာရီလောက် နေအိမ်မှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူတို့နှစ်ဦးက စစ်တပ်ကို သတင်းပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင် ဒလန်တွေလို့ နာမည်ကြီး နေတယ်။ အိမ်ပေါ်တက်သတ်သွားတာ၊ ဘယ်သူ သတ်တာလဲတော့ မသိရဘူး” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

သူတို့နှစ်ဦးဟာ စစ်ကောင်စီထံသတင်းပေး လုပ်ဆောင်နေတာကြောင့်  ဒလန်အဖြစ် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ တောကြီးမြွေဟာက်(ခင်ဦး) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်ကလည်း ငါးတွင်းကြီးရွာအုပ်ချုပ်ရေးမှူး တစ်ဦးရဲ့သားဖြစ်သူ အသတ်ခံခဲ့ရပြီး ဒီနေ့အသတ်ခံရသူနှစ်ဦးကတော့ တောကြီးမြွေဟောက်အဖွဲ့ ဒလန်ရှင်းလင်းရေး လုပ်ဆောင်ခဲ့တာ ၄၆ ဦးမြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၈ မနက်ပိုင်းက မူးယစ်ဆေးဝါး သယ်ဆောင်လာသူ မိုးကျော်နဲ့ အောင်မျိုးခိုင်တို့ကို ဖမ်းမိခဲ့ပြီး မြို့နယ်ထွက်က ထွက်သွားဖို့ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Fox army(HPDF) က ထုတ်ပြန်ပါတယ်။

သူတို့နှစ်ဦးဟာ ထီးချိုင့်မြို့နယ် ကျောက်အိုက်ရွာမှာ  မူးယစ်ဆေးဝါး ဆပ်ပြာခွက် (၂၂)ခွက်ကို သယ်ဆောင်လာစဉ် ဖမ်းမိခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလပြီးမှ နေအိမ်ကို ပြန်ကြဖို့နဲ့ ထီးချိုင့်မြို့နယ်ထဲမှာ နောက်တစ်ကြိမ် တွေ့ရှိပါက အသက်အာမခံမှု မရှိကြောင်း အသိပေးလိုက်တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ အလေးချိန် တစ်ပိဿာခန့်ရှိ မူးယစ်ဆေးဝါးတွေကို အကုန်မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေ ၁၀ သိန်း၊ ဖုန်းကို Fox army (HPDF) က သိမ်းဆည်းခဲ့ပြီး ဆိုင်ကယ်နဲ့ လက်ဝတ်ပစ္စည်းတွေကိုတော့ ပြန်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013