DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ် လဝကရုံးဗုံးပေါက်ကွဲ၊ စစ်ကောင်စီယာဉ် နှစ်ကြိမ်မိုင်းဆွဲခံရ
DVB
·
October 28, 2021
ဆားလင်းကြီးမြို့နယ် လဝကရုံးဗုံးပေါက်ကွဲ၊ စစ်ကောင်စီယာဉ် နှစ်ကြိမ်မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့ လဝကရုံးနားမှာ အောက်တိုဘာ ၂၈ ရက် မနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“ဒီနေ့မနက်ခင်းက ကျနော်တို့ ဆားလင်းကြီး လဝကရုံးဗုံးပေါက်ကွဲခဲ့တယ်ဗျ။ အရပ်သားနှစ်ဦး ထိခိုက်တာတွေတော့ ရှိတယ်။ အသက်သေလား။ မသေလားတော့ မသိရဘူး” လို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။

အခုလို ဗုံးထောင်ဖောက်ခွဲခဲ့တာဟာ ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ DVB အနေနဲ့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

အလားတူ ဘုတလင်မြို့နယ် မုံရွာ-ဘုတလင်သွားကားလမ်းမပေါ်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်ကို ၉ နာရီခွဲနဲ့ ၁၀ နာရီလောက်မှာ မိုင်း နှစ်ကြိမ်ဖောက်ခွဲခဲ့တယ်လို့  ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

“ကျနော်တို့ အဲဒီစစ်ကောင်စီကားကို ပိုးကုန်းကျေးရွာနီးမှာ တစ်ကြိမ်၊ အခုကံသစ်ကျေးရွာအနီးမှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် မိုင်းဆွဲခဲ့တယ်ဗျ။ ပထမမိုင်းဆွဲတုန်းက ၄ ယောက်ကျတယ်။ ဒုတိယအကြိမ်မှာ ၁၂ ယောက် ကျတယ်လို့ ကျနော်တို့သတင်းရတယ်။ ပထမမိုင်းမိတုန်းက ကားပြန်မောင်းလို့ ရသေးတော့ ဒီကောင်တွေ ထပ်ထွက်လာတယ်။ ကျနော့်တို့လည်း ထပ်ချလိုက်တာ ဒုတိယအကြိမ်မှာတော့ ကားလေပေါ်မြှောက်တက်သွာပြီး ပြန်အကျမှာ ကားပက်လက်လန်သွားတယ်။”

မိုင်း ၂ ကြိမ်ခွဲခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ဘုတင်မြို့မှာ 4-wheel အိမ်စီးကားနဲ့ အပြည့် စစ်ကူလာတာရှိသလို မုံရွာမြို့ဘက်ကလည်း စစ်ကားအကြီးနဲ့ အင်အား အပြည့်စစ်ကူလာ တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် ကျဆုံးအလောင်းတွေကို စစ်ကောင်စီက မုံရွာဘက်သယ်ဆောင်သွားကြကာ လက်ရှိအချိန်မှာ မိုင်းအဆွဲခံရတဲ့နေရာမှာ အင်အားအပြည့် တပ်ချလုံခြုံရေးစစ်ဆေးမှုတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

ဆားလင်းကြီးမြို့ ဗုံးပေါက်ကွဲမှုနဲ့ ယာဉ်နှစ်ကြိမ် မိုင်းဆွဲခံရမှုကြောင့် သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013