DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် အမတ် ၂ ဦးအိမ်အပါအဝင် ပုဂ္ဂလိကကျောင်းနှင့်စတိုးဆိုင် ၅ ခု နိုင်ငံပိုင်သိမ်းခံရ
DVB
·
October 28, 2021
ဝက်လက်တွင် အမတ် ၂ ဦးအိမ်အပါအဝင် ပုဂ္ဂလိကကျောင်းနှင့်စတိုးဆိုင် ၅ ခု နိုင်ငံပိုင်သိမ်းခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်မြို့ပေါ်က အမတ် ၂ ဦး နေအိမ်အပါအဝင် ပုဂ္ဂလိကကျောင်းနှင့်စတိုးဆိုင် ၅ ခုကို PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး စစ်ကောင်စီက ပြည်သူပိုင် သိမ်းလိုက်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းတို့ရဲ နေအိမ်အပါအဝင် ဟေမာန်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း၊ သန်းသန်းဌေးစတိုးဆိုင်၊ ခိုင်သဇင်စတိုးဆိုင်တို့ကို  အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာ နိုင်ငံပိုင် သိမ်းဆည်းလိုက်တယ်ဆိုတဲ့ ဗီနိုင်း လာကပ်သွားတယ်လို့ သိရပါတယ်။

“သူတို့ အားလုံးကို PDF နဲ့ပက်သက်နေတယ်လို့ စွတ်စွဲပြီး နိုင်ငံတော်ပိုင်ဆိုပြီး ချိတ်ပိတ်စာ ကပ်သွားတယ်။ နေအိမ်အတွင်းက အိမ်အသုံးဆောင်ပစ္စည်းတွေကိုလည်း ဝက်လက်ရဲစခန်းထဲ ကားနဲ့ သယ်ယူသွားတယ်”လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကိုယ်စားလှယ် နှစ်ဦးမှာ တိမ်းရှောင်နေကြပြီး ခိုင်သဇင်စတိုးဆိုင်ပိုင်ရှင် ဦးညွန့်ဌေးကိုတော့ သပိတ်စစ်ကြောင်းတွေကို အကူအညီပေးလို့ဆိုကာ ၅၀၅(က)နဲ့ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ အောက်တိုဘာ ၂၅ ရက်ကလည်း ရေဦးလွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်၊  ရွှေဘိုမြို့ အမှတ် ၁၀ သူဇာရပ်ကွက်က စံတင်ဟိုတယ်နဲ့အမှတ် ၄ ရပ်ကွက် ရွှေတောင်အနောက်နား မြိုင်ရေဒီယိုကက်ဆက်ပြင်ဆိုင်ကိုလည်း  နိုင်ငံပိုင်သိမ်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013