DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့ ခရိုင်ကညနရုံးရှေ့ ဗုံး ၂ ကြိမ်ပေါက်ကွဲ
DVB
·
October 28, 2021
မအူပင်မြို့ ခရိုင်ကညနရုံးရှေ့ ဗုံး ၂ ကြိမ်ပေါက်ကွဲ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းက ခရိုင်ကညနရုံးရှေ့ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မြို့ရှောင်လမ်းမှာရှိတဲ့ ခရိုင်ကညနရုံးရှေ့ ည ၇ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ တပတ်အတွင်း ၂ ကြိမ်တိုင် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မတရားသဖြင့် ဆိုင်ကယ်တွေကိုဖမ်း၊ လိုင်စင်တွေသိမ်း၊ ဆိုင်ကယ်တွေကိုသိမ်း၊ ပြီးရင် ပိုက်ဆံအများကြီးတောင်းပြီး ပြန်ရွေးခိုင်းတာတွေလုပ်နေတယ်၊ အဲ့ဒါကြောင့် ဖောက်ခွဲခဲ့တာ” လို့ မအူပင် PDF တပ်ဖွဲ့ဝင်တဉီးက ပြောပါတယ်။

ခရိုင်ကညနရုံးရှေ့ ဒုတိယအကြိမ် ဗုံးခွဲမှုကိုတော့ ငန်းနက်အဖွဲ့က ဖောက်ခွဲခဲ့တာဖြစ်ပြီး ညပိုင်းလုပ်တာကြောင့် လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက လမ်းမပေါ်မြင်သမျှ လိုက်လံဆဲဆိုပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့နေရာကို တော်လှန်ရေးအင်အားစုတွေက ၁၂ ကြိမ်ထက်မနည်း ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013