DVB Logo
Home
မြန်မာသတင်း
"ဝန်ထမ်းပြည်သူ လက်ကမ်းကူ”ကမ်ပိန်းတွင် ပါဝင် လှူဒါန်းနိုင်
DVB
·
October 28, 2021
"ဝန်ထမ်းပြည်သူ လက်ကမ်းကူ”ကမ်ပိန်းတွင် ပါဝင် လှူဒါန်းနိုင်
Donate to DVB

ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂက ဦးဆောင်တဲ့ "ဝန်ထမ်းပြည်သူ လက်ကမ်းကူ" ကမ်ပိန်းမှာ အားလုံးပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကတော့ တော်လှန်ရေးကြီး ၈ လကျော်ကြာမြင့်တဲ့တိုင်အောင် ရဲရဲတောက် တောင့်ခံထားပေးကြတဲ့ တော်လှန်ရေးရဲ့ ပထမဦးဆုံး သူရဲကောင်းတွေဖြစ်ကြတဲ့ CDM ပြည်သူ့ဝန်ထမ်းတွေကို  လစဉ်ထောက်ပံ့ပေးနေတဲ့ ကမ်ပိန်းတခု ဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစထဲက အာဏာသိမ်းစစ်ကောင်စီရဲ့ အ စိုးရယန္တရားကြီး မလည်ပတ်နိုင်ဖို့အတွက် အာဏာရှင်လက်အောက် ရုံးမတက်ဘဲ ရှေးဦး စွာ ရုန်းထွက်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်းတွေဖြစ်ကြပြီး အိမ်စွန့်၊ မိသားစုစွန့်၊ အလုပ်စွန့်ကာ တော်လှန်ရေးကြီးအတွက် ဘဝပေးထားကြသူတွေဖြစ်တာမို့ ပြည်သူလူထုတရပ်လုံးက မေ့ပျောက်ထားလို့မရဘဲ တတ်နိုင်သမျှ ကူညီဖေးမရမှာဖြစ်တယ်လို့ ဆို ပါတယ်။

ဒီကမ်ပိန်းကိုတော့ အောက်တိုဘာ ၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကတဆင့် လာရောက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးဖိတ်ခေါ် ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အ ရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၂၂၀ နီးပါး၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013