DVB Logo
Home
မြန်မာသတင်း
ဒေါ်လာ သန်း ၁၀၀၀ တန် အထူးငွေတိုက်စာချုပ်များ NUG ရောင်းချမည်
DVB
·
October 27, 2021
ဒေါ်လာ သန်း ၁၀၀၀ တန် အထူးငွေတိုက်စာချုပ်များ NUG ရောင်းချမည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုးနဲ့ ညီမျှတဲ့ နွေဦးတော်လှန်ရေး အထူးငွေတိုက် စာချုပ်တွေကို ဥပဒေနဲ့အညီ ထုတ်ဝေရောင်းချသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

NUGအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အဆိုပါ ကြေညာချက်မှာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁၄ ရက်စွဲနဲ့ ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ ကို အတည်ပြုပြဋ္ဌာန်းပြီးကြောင်းနဲ့ အဲဒီပြင်ဆင်တဲ့ ဥပဒေနဲ့ အညီ နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များရောင်းချခွင့်ကို NUG အစိုးရအဖွဲ့ က သဘောတူခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ဖော် ပြပါတယ်။

အခုလက်ရှိ ရောင်းချမယ့် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေရဲ့ သက်တမ်းကတော့ ၂ နှစ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး နဲ့ညီမျှတဲ့ အတိုးမဲ့စာချုပ်တွေအနေနဲ့ ထုတ်ဝေရောင်းချသွားမယ်လို့ ဆိုပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေ စီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒါကြောင့်မို့ မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်ချုပ်ငြိမ်း သွားစေရေးကို ပြင်းပြတဲ့ဆန္ဒနဲ့ လိုလားတောင့်တကြသူတိုင်း နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေး အောင်စိတ်နဲ့ မဖြစ်မနေ ဝယ်ယူကြဖို့လည်း  မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ ဘယ်နေ့စတင်ရောင်းချမယ်ဆိုတာကို မသိရသေးပဲ စတင်ရောင်း ချမယ့် နေ့ရက်၊ ဝယ်ယူနိုင်မယ့် နည်းလမ်းတွေနဲ့ အသေးစိတ်စည်းမျဉ်းစည်းကမ်းတွေကို တော့ ထပ်မံပြီးတော့ ကြိုတင် အသိပေးထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013