DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့ဝင်စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့ တိုက်ခိုက်၊ ကျောက်ပန်းတောင်းက ဒလန် ၁ ဦး အသတ်ခံရ
DVB
·
October 27, 2021
မြိုင်မြို့ဝင်စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့ တိုက်ခိုက်၊ ကျောက်ပန်းတောင်းက ဒလန် ၁ ဦး အသတ်ခံရ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့မှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်ကို မြိုင် PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိသွာတယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့ ပုသိမ်မုံရွာလမ်းဆုံအနီးက ပခုက္ကူဘက်ကနေလာတဲ့ ​မြို့ဝင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒီကနေ့မနက် ၉ နာရီကျော်လောက်က မိုင်း ၂ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“အဲဒီစစ်ဆေးရေး ဂိတ်မှာက အခါတိုင်းဆိုရင် အကြမ်းဖက်စစ်အုပ်စု ၁၀ ယောက်လောက် စစ်ဆေးတာဖြစ်ပြီးတော့ ဒီကနေ့မှာ ၃ ယောက်ထဲရှိတယ်လို့ကြားလို့ မိုင်းခွဲလိုက်တာဖြစ်တယ်။ ကျနော်တို့ ​မျက်မြင်တွေ့တာကတော့ အကြမ်းဖက်စစ်သား ၃ ယောက်အနက် ၂ ယောက်က မြေပြင်မှာလဲကျသွားပြီးတော့ သေနတ်တစ်ခြား ခန္ဓာကိုတစ်ခြား ဖြစ်သွားတယ်။”

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီဂိတ်မှာ လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို တားဆီးပြီး လက်ကိုင်ဖုန်းတွေ၊ ပစ္စည်းတွေကို စစ်ဆေးကာ NLD ပါတီနဲ့ ပတ်သက်တာတစ်ခုခုတွေရင် ဖမ်းဆီးခံရတာတွေရှိလို့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မြိုင်မြို့ပေါ်မှာ PDF တပ်ဖွဲ့က အဲဒီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အခတစ်ကြိမ်နဲ့ ဆိုရင် ၂ ကြိမ်မြောက် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့နယ်က မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်နဲ့ ဆက်နွယ်တဲ့နေရာတွေ ရဲစခန်းတွေကို ရှောင်ရှားကြဖို့နဲ့ အဲဒီနေရာတွေမှာ ပြည်သူတွေရှိနေတာကြောင့် တိုက်ခိုက်တာတွေ မပြုလုပ်ဘဲ နောက်ဆုတ်ခဲ့ရတာတွေရှိတာကြောင့် PDF တွေကို ကူညီတဲ့အနေနဲ့ စစ်အုပ်စုနဲ့ဆက်နွှယ်တဲ့ နေရာတွေကို မသွားလာကြဖို တိုက်တွန်းထားပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာလည်း အောက်တိုဘာလ ၂၆ ရက်နေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ သတင်းပေးဒလန်တစ်ယောက်ကို ညီနောင်မဟာမိတ် ပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး ပစ်သတ်ခဲ့တယ်လို့ ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မနေ့ ညနေ ၃နာရီခွဲလောက်က စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားလို့ သတ်မှန်ခံထားရတဲ့ ဌေးလှိုင်ကို ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်၊ မြင်းခြံ 21-ပြောက်ကျားတပ်၊ တောင်းသာ TTA-ပြောက်ကျားတပ်နဲ့ မလှိုင်-UGFM တပ်ဖွဲ့တို့ ပူးပေါင်းပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ဒလန်ဌေးလှိုင်ဟာ CDM ဆရာ၊ဆရာမတွေကို ကျောင်းကစာရွက်စာတမ်းတွေကို မီးရှို့တယ်ဆိုပြီးတော့ ဖမ်းခိုင်းသလို အဖမ်းခံရတဲ့အထဲမှာ ကလေး ၁၀ လသားအရွယ်ရှိတဲ့ ဆရာမတစ်ယောက်လည်းပါသွားပြီးတော့ စစ်ကောင်စီနဲ့ပူးပေါင်းကာ ရွာသားတွေကို နည်းပေါင်းစုံနဲ့ ဒုက္ခပေးတာကြောင့် သုတ်သင်ခဲ့တာလို့ဆိုပါတယ်။

အဲဒီ ဒလန်ကို သွားရောက် ပစ်ခတ်တဲ့အချိန်မှာ ဓားမကိုင်ပြီးတော့ ထွက်ပြေးတာကြောင့် ညီနောင်မဟာမိတ်အဖွဲ့တွေက သေနတ် ၂ လက်နဲ့ အချက် ၂၀ လောက် ပစ်ခတ် သုတ်သင်ခဲ့ရတယ်လို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013