DVB Logo
Home
မြန်မာသတင်း
မကွေး EPC ရုံးနှင့် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
October 27, 2021
မကွေး EPC ရုံးနှင့် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မကွေးမြို့မှာ အောက်တိုဘာလ ၂၆ ရက်နေ့က EPC ရုံးနဲ့ လဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်  သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။

မကွေးမြို့ ဗိုလ်ချုပ်လမ်း လျှပ်စစ်အင်ဂျင်နီယာရုံးက ထရန်စဖာနဲ့ ရန်မျိုးနိုင်ရပ်ကွက် အဝေရာလမ်းက လဝက ရုံးတွေကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်က No Chair-ပြောက်ကျားတပ်ဖွဲ့ (မကွေး)နဲ့ ဗိဿနိုး-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကြေညာထားပါတယ်။

ဗိဿနိုးဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ No Chair တပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်အုပ်စု အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အောင်မေတ္တာရပ်ကွက်နဲ့ ဘူတာရပ်ကွက်ကို ကူးတဲ့တံတားပေါ်မှာ စစ်ကောင်စီရဲ့ ဒလန်အုပ်ချုပ်ရေးမှူး ဇော်ထွန်းလင်းကို ဆိုင်ကယ်စီး အမည်မသိလက်နက် ၂ ယောက်က သေနတ်နဲ့ ၄ ချက်လောက်ပစ်ခတ်သွားလို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ မကွေးမြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းပြီးတော့ ဆန္ဒပြည်သူတွေနဲ့ ရပ်ကွက်နေပြည်သူတွေကို မတရားဖမ်းဆီးသလို နည်းမျိုးစုံနဲ့ ဒုက္ခပေးပေးနေတာကြောင့် ပစ်သတ်ခံရတာဖြစ်ပြီး သူ့အိမ်ကို အရင်ကလည်း လက်ပစ်ဗုံးနဲ့ ၂ ကြိမ်ပစ်ခတ် သတိပေးခံထားရတယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013