DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ်၌ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ လောင်းကစားဝိုင်းများနှင့် KTV ဆိုင်များကို PDF သတိပေး
DVB
·
October 26, 2021
ဆားလင်းကြီးမြို့နယ်၌  စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ လောင်းကစားဝိုင်းများနှင့် KTV ဆိုင်များကို PDF သတိပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်  ကိုင်းရွာလမ်းခွဲတောင်ဘက်မှာ အောက်တိုဘာ ၂၆ ရက်  ညနေ ၄ နာရီလောက်က  စစ်ကောင်စီယာဉ်တန်းကို မိုင်း ၁၈ လုံးဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ကျနော်တို့  ဆားလင်းကြီးပြည်သူ့ကာကွယ်ရေးနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့တာဗျ။ အကျဆုံးကတော့ ကျနော်တို့ဘက်ကမရှိဘူး။ စစ် (--) တွေဘက်ကတော့  ကားလေးစီးလာတယ်။ သုံးစီးမိုင်းထိတယ်ပျက်စီးတယ်ဗျ။ စစ်ကောင်စီဘက်က အကျဆုံးတော့ အတိကျ မပြောနိုင်ဘူး”လို့  ဆားလင်းကြီးပြည်သူကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ   အခု အောက်တိုဘာလထဲမှာ  စစ်ကောင်စီယာဉ်တန်းကို သုံးကြိမ်အထိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း  ဒေသခံ PDF ကပြောပါတယ်။

ဆာလင်းကြီးမြို့နယ် ကျားတက်ကျေးရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ တစ်ယောက်လည်း  ဒီ ညနေ ၃ နာရီကျော်မှာ နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခံရတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အသတ်ခံရသူက စစ်ကောင်စီသတင်းပေးတာတွေလုပ်တယ်။ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားတာတွေ စစ်ကောင်စီ သတင်းပေးတာတွေလုပ်တယ်။ CDMလုပ်တဲ့ ဝန်ထမ်းတွေ ခြိမ်းခြောက်တာတွေလုပ်တယ်လို့ နာမည်ထွက်နေတာ” လို့  ကျားတက်ရွာသားက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ကလည်း ဖောင်းကတာကျေးရွာက ဒလန်တစ်ဦး အသတ်ခံရပြီး အခု အောက်တိုဘာလအတွင်းမှာ အသတ်ခံရသူ ၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဆာလင်းကြီးမြို့နယ်မှာ စစ်ကောင်စီကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းဖွင့်သူတွေနဲ့  KTVဆိုင်တွေ ချက်ချင်းပိတ်သိမ်းဖို့  ဆားလင်းကြီး SSTFက သတိပေးစာ ထုတ်ထားပါတယ်။ 

လောင်းကစားဝိုင်းနဲ့ KTV ဆိုင်တွေဟာ စစ်ကောင်စီကို အခွန်တွေ ပေးနေတာကြောင့် အခုလို ပိတ်သိမ်းခိုင်းတာဖြစ်ပြီး   လိုက်နာဆောင်ရွက်မှုမရှိပါက   စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ထောက်တိုင်မှန်သမျှ  ချေးမှုန်းရလိမ့်မယ်လို့လည်း SSTFက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမြို့တွေ ၊ ရွာတွေမှာ စစ်ကောင်စီ တပ်တွေက လိုင်းကြေးယူပြီး လောင်းကစားဝိုင်းတွေကို ပိုမို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013