DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် (သို့) ဝန်ကြီးကို ဖိတ်မှသာ အာဆီယံထိပ်သီးအစည်းအဝေး တက်မည်ဟု စစ်ကောင်စီတုံ့ပြန်
DVB
·
October 25, 2021
စစ်ခေါင်းဆောင် (သို့) ဝန်ကြီးကို ဖိတ်မှသာ အာဆီယံထိပ်သီးအစည်းအဝေး တက်မည်ဟု စစ်ကောင်စီတုံ့ပြန်
Donate to DVB

မနက်ဖန် စတင်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖြစ် အမြဲတမ်းအတွင်းဝန် အဆင့်ပုဂ္ဂိုလ်တက်ရောက်ဖို့ အဆင့်နှိမ့်ပြီး ဖိတ်ကြားတာကိုလက်မခံဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။  

အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို  နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံကို အကြောင်းပြန်ထားတယ်လို့လည်းဆိုပါတယ်။ 

အာဆီယံအစည်းအဝေးတွေအားလုံးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှ  အဆင့်တူ၊ တန်းတူ တက်ရောက်ဖို့  အာဆီယံပဋိညာဉ်စာတမ်းမှ ပြဋ္ဌာန်းထားတဲ့အတွက်  အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း တခြားအာဆီယံနိုင်ငံတွေနည်းတူ အဆင့်တူ ကိုယ်စားပြု တက်ရောက်ရန် အခွင့်အရေး အပြည့်အဝရှိတယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

(၃၈) ကြိမ်မြောက်နဲ့  (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို  မနက်ဖန် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာပြည်က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို တက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုသာ ဖိတ်ကြားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အာဆီယံ အစည်းအဝေး တက်ရောက်ဖို့  လက်ရှိ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒီလို ဖိတ်ကြားတာဟာ အာဆီယံ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသကဲ့သို့ ၊ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာမှလည်း သွေဖည်နေတဲ့အပြင်  အစည်းအဝေးတက်မယ့် မြန်မာကိုယ်စားလှယ်ရဲ့ အဆင့်အတန်း ကိုနှိမ့်ပြီးဖိတ်ကြားတာနဲ့  အစည်းအဝေးတွေမှာ ဆွေးနွေးရာတွင် ကန့်သတ်မှုများထားတာဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၅ နှင့်လည်း ကိုက်ညီမှုမရှိကြောင်းတွေ့ရပါသည်။ 

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အာဆီယံက  နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဖိတ်ကြားထားကြောင်း မြန်မာမီဒီယာတချို့ကို အတည်ပြုပြောထားပါတယ်။

ဒါပေမဲ့ မြန်မာအနေနဲ့ ထိပ်သီးအစည်းအဝေး တက်ဖြစ်မတက်ဖြစ် မသေချာသေးသလို အာဆီယံကို အကြောင်းလည်း မပြန်ရသေးဘူးလို့  စစ်ကောင်စီ ဒုဝန်ကြီးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013