DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့နယ် တားလ်ကျေးရွာက နေအိမ် ၈ လုံးကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့
DVB
·
October 25, 2021
ဖလမ်းမြို့နယ် တားလ်ကျေးရွာက နေအိမ် ၈ လုံးကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့
1 / 7
Donate to DVB

ဖလမ်းမြို့နယ် တားလ်ကျေးရွာက နေအိမ် ၈ လုံးကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့ 

DVBချင်းပြည်နယ် ဖလမ်းမြို့နယ် တားလ်ကျေးရွာကို အောက်တိုဘာလ ၂၅ ရက်နေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့တာကြောင့် နေအိမ် ၈ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အင်အား ၅၀ လောက်နဲ့ ဟားခါးမြို့နယ်ကနေ ဖလမ်းမြို့နယ်ဘက်ကို မနေ့က မနက်ပိုင်းမှာ ရောက်လာပြီး တားလ်ကျေးရွာ ဘုရားကျောင်းမှာ ညအိပ်တပ်စွဲကာ ဒီနေ့မနက် ၇ နာရီလောက်က ပြန်အထွက် နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားကြတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်တပ်ဟာ ရွာထဲမှာရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီးတော့ စားနက်ရိက္ခာတွေအပါဝင် နေအိမ်မှာရှိတဲ့ ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့နယ် တားလ်ကျေးရွာမှာ အိမ်ခြေ ၃၇ လုံးရှိပြီးတော့ အကြမ်းဖက်စစ်တပ်က ပထမအကြိမ် နေအိမ် ၃ လုံးနဲ့ အခုဒုတိယအကြိမ် လူနေအိမ် ၈ လုံးထပ်မံမီးရှို့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဖလမ်းမြို့နယ် ရေဇွာမြို့မှာလည်း အောက်တိုဘာ ၂၃ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၃ လုံး မီးလောင်ကာ ၂ လုံး ပြာကျခဲ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013