DVB Logo
Home
မြန်မာသတင်း
တန့်ဆည် ကံထူးမရဲစခန်းအနီး အားကစားပစ္စည်းဆိုင် ဖောက်ထွင်းခိုးယူခံရ
DVB
·
October 25, 2021
တန့်ဆည် ကံထူးမရဲစခန်းအနီး အားကစားပစ္စည်းဆိုင် ဖောက်ထွင်းခိုးယူခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမ စံပြကျေးရွာ၊ ကံထူးမရဲစခန်းအနီးက "ရွှေပြည်အောင်" အားကစားပစ္စည်း နဲ့ အထည်ဆိုင်ကို အောက်တိုဘာ ၂၅ ရက်ညပိုင်းက အားကစား အင်္ကျီနဲ့ဘောင်ဘီရှည် ၅ သိန်းဖိုးခန့် ဖောက်ထွင်းခိုးယူခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အထည်အိတ်အသစ်ရောက်တယ်။ တစ်ထုပ်လုံး ပါသွားတယ်။ အားကစားဘောင်းဘီရှည် အကောင်းစားတွေနဲ့ ကိုယ်ကပ်အကျီ အသစ်တစ်ထုပ်လုံး အိတ်လိုက် မသွားပါတယ်။ ကာလတန်ဖိုး ၅ သိန်းဝန်းကျင်ရှိပါတယ်" လို့  အထည်ဆိုင်နဲ့နီးစပ်သူကပြောပါတယ်။

အဆိုပါ ဖောက်ထွင်းခံရတဲ့နေရာဟာ ရဲစခန်းအနီး ကင်းပုန်းအမြဲရှိတဲ့နေရာဖြစ်ကာ သာမန်ပြည်သူတွေ ညအချိန်မှာ သွားလာတာမရှိလို့ ရဲစခန်းက ဖောက်ယူတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပြောဆိုကြပါတယ်။

လတ်တလောကာလ စစ်တပ် ရဲနဲ့ပျူစောထီးတွေဟာ အားကစားအင်္ကျီ ဘောင်းဘီ ဝတ်ဆင်ကာ ကျေးရွာတွေအတွင်းကို စီးနင်းဝင်ရောက်ပစ်ခတ်တာတွေ ပြုလုပ်နေတာဖြစ်ပြီး PDF တွေနဲ့ ပုံမှားရိုက်နေကြတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

စက်တင်ဘာလကတည်းက ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ထားတဲ့ တန့်ဆည်မြို့က မြို့မစျေးကြီးအတွင်းမှာရှိတဲ့ ငပိ၊ ငါးခြောက်ဆိုင်တွေ ဖောက်ထွင်းခိုးယူခံခဲ့ရသလို ဖုန်းပြုပြင် ရောင်းဝယ်ရေးဆိုင်တွေလည်း ဖောက်ထွင်းခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013