DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို PDF စစ်သင်တန်းသားများ စားနပ်ရိက္ခာနှင့် စစ်သုံးပစ္စည်းလိုအပ်နေ
DVB
·
October 25, 2021
ဒီးမော့ဆို PDF  စစ်သင်တန်းသားများ စားနပ်ရိက္ခာနှင့် စစ်သုံးပစ္စည်းလိုအပ်နေ
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ရင်း( i )မှာ  အခြေခံစစ်သင်တန်းတက်နေကြတဲ့ Gen-Zလူငယ် ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့ သင်တန်းသားတွေက ပြောပါတယ်။

"အခုမှ စတာဆိုတော့ အစစအရာအရာ ဘာမှမရှိဘူးပေါ့နော်။ စားနပ်ရိက္ခာက အစ စစ်ဘက်သုံးပစ္စည်းအစုံ အကုန်လိုအပ်နေတယ်။ ကျနော်တို့မှာ အများကြီး အခက်အခဲရှိနေတယ်" လို့ စစ်သင်တန်းသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသခံတိုင်းရင်းသားပြည်သူကာကွယ်ရေးတပ်တွေကြား လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်မှာ PDF အနေနဲ့ တပ် ရင်း (A)ကနေ တပ်ရင်း ( i ) အထိ အင်အားပြည့်ဖွဲ့စည်းထားရှိပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖို့ ရုန်းကန်ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- PDF (ဒီးမော့ဆို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013