DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့် တန့်ဆည်တွင် ဉာဏ်ရည်မသန်စွမ်းသူအပါအဝင် ၂ ဦး ပစ်သတ်ခံရ
DVB
·
October 24, 2021
ဝက်လက်နှင့် တန့်ဆည်တွင် ဉာဏ်ရည်မသန်စွမ်းသူအပါအဝင် ၂ ဦး ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီလောက်က အသက် ၂၀ အရွယ် ဉာဏ်ရည်မသန်စွမ်းသူတဦးကို စစ်‌ကောင်စီက ပစ်သတ်ပြီး အလောင်းဖျောက်ဖျက်လိုက်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းအိမ်အနီးမှာ ကင်းပုန်းချထားပုံရတယ်။ တောင်ပိုင်းကလာတဲ့ ကလေးတစ်ယောက်ကို ရပ်ရပ်လို့ လှမ်တားတယ်။ မရပ်လို့ ပစ်သတ်လိုက်တယ်။ အလောင်းဖျောက်ဖျက်ခြင်လို့ဖြစ်မယ်။ တခါတည်း သယ်သွားပြီး သွေးတွေကိုလည်း လာဆေးသွားတယ်။”

ဒီကိစ္စကို DVB က ဆက်လက်စုံစမ်းကြည့်ရာ သေဆုံးသူဟာ ဟန်လင်းရွာ တောင်ပိုင်းကလို့သိရပြီး ဉာဏ်ရည်မသန်စွမ်းသူတစ်ဦးဖြစ်ကာ နေ့လယ်ပိုင်းကတည်းက မြို့ထဲအနှံ့လှည့်လည်သွားလာနေတာဖြစ်ပြီး ညပိုင်းမှာ ပစ်သတ်ခံလိုက်ရတာလို့ သိရပါတယ်။

ပစ်သတ်ခံရသူကို စစ်ကောင်စီက တိတ်တဆိတ် သင်္ဂြိုဟ်လိုက်ပြီး သူ့မိသားစုကိုလည်း ခြိမ်းခြောက်မှု တစုံတရာရှိနိုင်တယ်လို့ ဟန်လင်း ဒေသခံတစ်ဦးဆီက သိရပါတယ်။

ဝက်လက်မြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမစံပြကျေးရွာမှာလည်း အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခန့်လောက်က အကြမ်းဖက်စစ်တပ်က ပစ်ခတ်တာကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦး ရင်ဝကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကံထူးမအဝိုင်းနား ယာဉ်စစ်ဆေးရေးလုပ်နေတဲ့ ရဲတွေကို ဗုံးခွဲခံရလို့ စစ်တပ်က ရမ်းသမ်းပစ်တာဗျ။ ဆိုင်ကယ်စီးနေတဲ့ ကလေးဝင်မှန်တာ။ ရင်ဘတ်ကိုမှန်တာဆိုတော့ နေရာမှာတင်ဆုံးသွားတာ” လို့ ပြောပါတယ်။

အကြမ်ဖက်စစ်တပ်ကပစ်လို့ သေနတ်မှန် သေဆုံးသူဟာ ကြက်ဆူကန်ရွာက  အသက် ၃၀ အရွယ် ကိုအေးမင်းဖြစ်ပြီး အိမ်ဆိုင်အတွက် ဈေးဝယ်လာစဉ် ‌ရင်ဝကျည်မှန်ပြီးသေဆုံးခဲ့ရကာ ဇနီးနဲ့ ၆ လအရွယ် သမီးလေးကျန်ခဲ့တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်၊ ကံထူးမအဝိုင်းပတ်အနီး ယာဉ်စစ်ဆေးနေတဲ့ ရဲတွေကို ဗုံးခွဲတိုက်ခိုက်ခံရလို့ ရဲ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013