DVB Logo
Home
မြန်မာသတင်း
ငါးသိုင်းချောင်းတွင် ရခိုင်စစ်ရှောင် ၃ ဦး ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ
DVB
·
March 19, 2026
ငါးသိုင်းချောင်းမြို့က စစ်ဆေးရေးဂိတ်တခု။ Photo: KKL
ငါးသိုင်းချောင်းမြို့က စစ်ဆေးရေးဂိတ်တခု။ Photo: KKL
Donate to DVB

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ ဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် အရပ်သား ၃ ယောက်ကို ရေကြည်တရားရုံးက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင် အရပ်သား ၃ ယောက်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ပထမအပတ်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ် ၁၇ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ရေကြည်မြို့နယ် တရားရုံးက တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

တရားရုံးနဲ့ နီးစပ်သူတယောက်က “ဖမ်းဆီးခံရတဲ့သူတွေထဲက ၃ ယောက်ကို တယောက်ကို ၅ နှစ်စီ ထောင်ဒဏ်ချမှတ်တာလို့ သိရပါတယ်။ AA အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းခဲ့တာ။ တရားရုံးက အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက်နေတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမိန့်ချတာ” လို့ ပြောပါတယ်။

အဖမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင်တွေဟာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ ထွက်ပြေးလာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “စစ်ဘေးရှောင်လာတဲ့ ရခိုင်စစ်ဘေးရှောင်တွေပါ။ AA နဲ့ PDF နဲ့ ပတ်သက်မှုရှိတဲ့ လူတွေဆိုပြီး ဖမ်းခဲ့တာ။ ထောင်ဒဏ်ချခံရတဲ့သူတွေ အားလုံးက အရပ်သားချည်းပဲ” လို့ ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ အရပ်သား ၃ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ကိုအာပူး အပါအဝင် အသက် ၂၇ နှစ်နဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ၂ ယောက်ဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာ မရှိဘူးလို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရောက်နေတဲ့ ရခိုင်က စစ်ဘေးရှောင် အမျိုးသမီး ၃ ယောက် အပါအဝင် ၆ ယောက်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ပထမအပတ်က ဖမ်းဆီးခဲ့သေးတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013