DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ် အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံရောင်းချ
DVB
·
October 23, 2021
စစ်ကောင်စီဗဟိုဘဏ် အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံရောင်းချ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ ပျဉ်းမျှငွေလဲနှုန်း တဒေါ်လာကို ကျပ် ၁၈၀၀ နှုန်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို အောက်တိုဘာ ၂၂ ရက်က ထပ်မံ ရောင်းချလိုက်ပါတယ်။

ဒါဟာ အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ်မြောက် ထုတ်ရောင်းတာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့တုန်းကလည်း ဒေါ်လာ သန်း ၅၀ ကို စံချိန်တင်ရောင်းချခဲ့သေးတာမို့ စစ်အာဏာသိမ်းပြီးချိန်ကနေ အခုချိန်ထိ အောက်တိုလထဲမှာ ဒေါ်လာ သန်း ၈၀ အထိ အများဆုံး ရောင်းချထားတာ ဖြစ်ပါတယ်။

အရင်လတွေမှာ ဒေါ်လာထုတ်ရောင်းမှု တကြိမ်ကို ၁၅ သန်းလောက်သာ ရှိခဲ့ပေမဲ့ အခု အောက်တိုဘာလအတွင်း ထုတ်ရောင်းခဲ့တဲ့ နှစ်ကြိမ်လုံးမှာ ပမာဏအားဖြင့် ပိုများနေတာကြောင့် အောက်တိုဘာလမှာ အမေရိကန်ဒေါ်လာ ရောင်းချမှု အများဆုံး ဖြစ်လာပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ  အမေရိကန်ဒေါ်လာ စုစုပေါင်း ၂၆၄ သန်းကျော်  (မြန်မာငွေတန်ဖိုး ကျပ် ၄၅၂ ဒသမ ၆ ဘီလီယံ) ထိ ထုတ်ရောင်းခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရှိတယ်လို့ စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးက မကြာသေးခင်က ပြောထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013