DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦးပိုင် လုပ်ငန်း ၂ ခုကို သပိတ်မှောက်ရန် “ဝေးဝေးနေ” စာရင်းသွင်း
DVB
·
October 23, 2021
စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦးပိုင် လုပ်ငန်း ၂ ခုကို သပိတ်မှောက်ရန် “ဝေးဝေးနေ” စာရင်းသွင်း
Donate to DVB

အကြမ်းဖက်စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦး အောင်နိုင်ဦးပိုင်ဆိုင်တဲ့ Monster Cheese cake နဲ့ "ကောင်းလွန်းလို့"အမည်ရတဲ့ လုပ်ငန်း ၂ ခုကို သပိတ်မှောက်ကြဖို့ ဝေးဝေးနေ-Way Way Nay က စာရင်းထပ်သွင်းလိုက်ပါတယ်။

ဦးအောင်နိုင်ဦးဟာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဝန်ထမ်းတွေကို ရာထူးတိုးပေးလိုက်ပြီး CDM လုပ်နေသူ တွေကို ဖမ်းဆီးဖို့ ရဲတွေကို နာမည်နဲ့လိပ်စာတွေ စာရင်းပေးလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ သူ့သမီးပိုင်ဆိုင်တယ်ဆိုတဲ့ Monster Cheese cake ဆိုင်နဲ့ လေဆိပ်နဲ့ ဆရာ စံလမ်းမှာ ဖွင့်ထားတဲ့ "ကောင်းလွန်းလို့"မုန့်ဟင်းခါးဆိုင်တွေကို သပိတ်မှောက်ကြဖို့ အသိပေးထားတာပါ။

ဝေးဝေးနေ အက်ပလီကေးရှင်းကိုတော့ လူထုအာဏာကို မတရားသိမ်းယူခဲ့တဲ့ အကြမ်း ဖက်စစ်တပ်ကို သပိတ်မှောက်ဖို့အတွက် စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ဒီအက်ပ်ထဲမှာ စစ်တပ်ပိုင်၊ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ဘဏ်တွေ၊ အာမခံလုပ်ငန်း၊ စီးကရက်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဆေးရုံ၊ သုတ်ဆေး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ဟိုတယ်၊ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်း စတာတွေ ပါဝင်ပါတယ်။

WayWayNay အပလီကေးရှင်းကို အန်းဒရွိုက်ရော အိုင်ဖုန်းတွေအတွက်ပါ ရေးဆွဲထားပြီး အန်းဒရွိုက်ဖုန်းတွေအတွက် https://bit.ly/3aUMnh7 မှာ ရယူနိုင်ပြီး အိုင်ဖုန်းတွေအ တွက်ကတော့ http://apple.co/3dYNHBw  ကနေ ရယူနိုင်ပါတယ်။ 

ဒါ့အပြင် https://waywaynay.com မှာလည်း ဝင်ရောက်ကြည့်ရှုရယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013