DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့နယ် ကံထူးမအဝိုင်းအနီး စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 22, 2021
တန့်ဆည်မြို့နယ် ကံထူးမအဝိုင်းအနီး  စစ်ကောင်စီတပ်သားများ  မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊‌ ကံထူးမစံပြကျေးရွာက ကံထူးမအဝိုင်းပတ်အနီး စစ်ဆေးရေး လုပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်ကို အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီ လောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ၃ ဦး ထက်မနည်းရှိ တယ်လို့သိရပါတယ်။

“ကံထူးမအဝိုင်းပတ်နားစစ်နေတဲ့ ရဲနဲ့စစ်သားတွေကို မိုင်းခွဲသွားတာ။ ၃ ယောက်ကတော့ လွင့်ထွက်သွားတယ်။ ကျန်တဲ့သူတွေလည်း ထိခိုက်ဒဏ်ရာ ရတယ်။ လမ်းဘေး ရပ်ကြည့်နေတဲ့ ပြည်သူတစ်ဦးလည်း ရှပ်ထိသွားတယ်”လို့ မျက်မြင်သိရှိသူ တစ်ဦးက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဒေသခံ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်တာလို့ ကြေညာထားပြီး ထိခိုက်ဒဏ်ရာရသူများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာလည်း အောက်တိုဘာ ၁၉ နဲ့ ၂၂ ရက် ညပိုင်းတွေမှာ ကျေးရွာမှာ စွဲထားတဲ့ စစ်တပ်ကို ဒေသခံ  PDF တွေက အလစ်အငိုက် နှစ်ကြိမ်ဝင်တိုက်ခဲ့လို့ ဒဏ်ရာ ရတာတွေရှိခဲ့ပါတယ်။

တန်ဆည်မြို့နယ်ကို ဒီနေ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်ကြိမ်လာရောက်တာကို တွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013