DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် ဗုံး ၄ လုံးပေါက်ကွဲ
DVB
·
October 22, 2021
လှိုင်သာယာတွင် ဗုံး ၄ လုံးပေါက်ကွဲ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ သမကုန်းမှတ်တိုင်နဲ့ အဝေးပြေးကာကွင်းကြားမှာ အောက်တိုဘာ ၂၂ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်က ဗုံး ၄ လုံးပေါက်ကွဲခဲ့​ပြီး လှိုင်သာယာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  CGF  HTY  ရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗုံးဖောက်တာနဲ့ပတ်သက်ပြီး သမကုန်းမှတ်တိုင်နဲ့ အဝေးပြေးကားဝင်းကြားလမ်းမှာ ဗုံး ၇ လုံး ထောင်ကာ အချိန်ကိုက် သေချာလုပ်ဆောင်ခဲ့ပေမဲ့ အမှိုက်ကောက်သူတစ်ယောက်ကြောင့် လုပ်ဆောင်ချက် ပျက်စီးခဲ့ရတယ်လို့ CGF  HTY က သိရပါတယ်။

“ဒီနေ့ ကျနော်တို့ သတင်းရထားလို့ ဗုံး ၇ လုံးချထားခဲ့ပေမဲ့  အမှိုက်ကောက်သမား တစ်ယောက်က ပစ္စည်း တစ်ခုကို ကောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီ ပေးလိုက်တယ်။ အဲ့ဒီ ကစပြီး သူတို့ သိသွားတယ်။ လမ်းပိတ်ရှာဖွေမှုတွေလုပ်တော့ ဗုံး ၂ လုံးထပ်ပြီး အသိမ်းခံလိုက်ရတယ်။  လမ်းပိတ်လိုက်တော့ အနီးဝန်းကျင်က လူတွေက လှည့်မပြန်ဘဲ ရပ်ကြည့်နေကြတယ်။ အပြစ်မဲ့ ပြည်သူတွေထိမှာဆိုးလို့   ဘာမှမလုပ်လိုက်ရတော့ဘူး။ ပြည်သူနဲ့လွတ်တဲ့ နေရာမှာပဲ ပစ္စည်းတွေ ထပ်ပြီး အသိမ်းမခံရအောင် အဝေးထိန်းနဲ့ ကျန်တဲ့ ဗုံး ၄ လုံးကို  တစ်ပြိုင်တည်း ခွဲလိုက်ရတယ်။ ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ Page ကနေ ကြေညာချက်ထုတ်ပြန်သွားမှာပါ" လို့ CGF  HTY တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမှာ စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးကာလအလွန် အဖွဲ့အစည်းအသီးသီးက စစ်ကောင်စီ ကျဆုံးရေး လုပ်ဆောင်ချက်တွေ  ရှိနေသလို CGF  HTY (လှိုင်သာယာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013