DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးထုအပေါ် စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်နေဟု NUG အစီရင်ခံစာထုတ်ပြန်
DVB
·
October 22, 2021
မြန်မာအမျိုးသမီးထုအပေါ် စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်နေဟု NUG အစီရင်ခံစာထုတ်ပြန်
Donate to DVB

စစ်အာဏာရှင်လက်ထက်မှာ မြန်မာအမျိုးသမီးထုဟာ အသက်ဘေးရင်ဆိုင်နေရတာတွေ အပြင် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကိုလည်း ကျူးလွန်ခံနေရတယ်လို့  အမျိုးသားညီညွတ်ရေးအ စိုးရ(NUG)က  အစီရင်ခံစာထုတ်ပြန် ပြောကြားလိုက်ပါတယ်။

မတရားစစ်အာဏာသိမ်းမှု ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာတစောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတို့ပူးပေါင်းထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ မြန်မာအမျိုးသမီးထုဟာ အသက်ဘေးရင်ဆိုင်နေရတာတွေ အပြင် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကိုလည်း ကျူးလွန်ခံနေရကြောင်းနဲ့ နိုင် ထက်စီးနင်းပြုကျင့်ခံနေတဲ့ အမျိုးသမီးထုရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဖော်ထုတ်တင်ပြဖို့၊ အ ကြမ်းဖက် စစ်ကောင်စီ တပ်တွေရဲ့ လူမဆန်တဲ့ ကျူးလွန်မှုတွေကို ထိရောက်စွာ အရေး ယူနိုင်ဖို့၊ အမျိုးသမီးထုရဲ့ အခွင့်အရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ရည် ရွယ်ကာ ဒီအစီရင်ခံစာကို ပြုစုထုတ်ပြန်ရတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အစီရင်ခံစာထဲမှာတော့ အောက်တိုဘာ ၁၇ ရက်နေ့အထိ ကောက်ခံရရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ကျဆုံးပြည်သူ ၁၁၀၀ ကျော်ထဲမှာ အမျိုးသမီး ၇၄ ယောက် ပါ ဝင်နေပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၆၅၀၀ ကျော်ထဲမှာတော့ အမျိုးသမီးဦးရေ ၁၂၂၃ ယောက်ထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ကာ အကြမ်းဖက်စစ်အုပ်စုက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် အမျိုးသမီးတွေကို သတ်ဖြတ်တာ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ စတာတွေကို နိုင်ငံတဝန်း ကျူးလွန်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ကာလ ဟာ ၉ လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တော ရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင် ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013