DVB Logo
Home
မြန်မာသတင်း
စစ်ကြောရေးတွင် ကျဆုံးခဲ့သည့် အင်ဂျင်နီယာကျောင်းသားအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၃ ဦး ရှိလာ
DVB
·
October 22, 2021
စစ်ကြောရေးတွင် ကျဆုံးခဲ့သည့် အင်ဂျင်နီယာကျောင်းသားအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၃ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၈၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၁၁၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၃၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၅ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

နေပြည်တော်နဲ့ မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသား ကိုလင်း ပိုင်စိုးဟာ မန္တလေးနန်းတွင်းစစ်ကြောရေးမှာ အောက်တိုဘာ ၁ ရက်နေ့က ကျဆုံးသွားခဲ့ ကြောင်း သိရှိရပါတယ်။ ကိုလင်းပိုင်စိုးဟာ စက်တင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး သူကျဆုံးသွားတာကို ၁၈ ရက်အကြာ အောက်တိုဘာ ၁၈ ရက်နေ့မှာမှ သိရှိခဲ့ရ တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Air KBZ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးရဲ့ Pitot tube အတွင်း သစ်ရွက် တွေ ထည့်သွင်းခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်စစ်အုပ်စုက စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုးဟာ ကျန်းမာရေးမကောင်းတာကြောင့် အောက်တိုဘာ ၁၇ ရက်နေ့က အင်းစိန်ထောင်တွင်းမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ် အသိပေး၊ အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ် နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013