DVB Logo
Home
မြန်မာသတင်း
မုံရွာ ရဲစခန်းအပါအဝင် ၃ နေရာ ဗုံးပေါက်ကွဲ
DVB
·
October 21, 2021
မုံရွာ ရဲစခန်းအပါအဝင်  ၃ နေရာ ဗုံးပေါက်ကွဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၂၀ ရက် ညပိုင်း ၈ နာရီခွဲလောက်က ရဲစခန်းတွေအပါအဝင် နေရာ ၃ နေရာ ဗုံးပစ်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ်(၁)ရဲစခန်း ၊ အမှတ်(၂)ရဲစခန်း နဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတို့မှာ  ဗုံးပေါက်ခဲ့တာ ဖြစ်ပြီး PDF - South Monywa  အဖွဲ့က သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ  ထိခိုက်တာ မရှိပေမဲ့ အမှတ် (၁) ရဲစခန်းနဲ့ အမှတ်(၂)ရဲစခန်းတွေမှာတော့ ထိခိုက်သေဆုံးရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

PDF - South Monywa အနေနဲ့ မုံရွာမြို့က နေရာ ၅ ခုမှာ ဗုံးဖောက်ဖို့ လုပ်ပေမယ့် ၂ နေရာ မအောင်မြင်ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013