DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်လာသူ ၃၄၀ ခန့်ရှိ
DVB
·
October 21, 2021
မကွေးတိုင်း အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်လာသူ ၃၄၀ ခန့်ရှိ
1 / 8
Donate to DVB

မကွေးတိုင်းအတွင်းရှိ သရက်၊ ပခုက္ကူ၊ မကွေး(ဒေါင်းနေ) အကျဉ်းထောင်တွေကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသူတွေအနက်က ၃၃၉ ယောက် ပြန်လွတ်လာတယ်လို့ သိရပါတယ်။

မကွေးတိုင်း အကြမ်းဖက်စစ်ကောင်စီနဲ့နီးစပ်သူတဦးက “မကွေးတိုင်းဒေသကြီးအတွင်းရှိတဲ့ သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုတွေကိုပိတ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ အမျိုးသား ၂၈၉ ဦးနဲ့ အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်း ၃၃၉ ဦး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြန်လည်လွတ် မြောက်လာသူတွေဟာ တည်ဆဲဥပဒေပုဒ်မတခုခုနဲ့  နောင်တချိန်မှာ ပြစ်မှုတခုတခုနဲ့ ပြစ်ဒဏ်ကျခံရပါက အခုကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ပြန်လည်ကျခံရမယ့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ခံဝန်လက်မှတ်ရေးထိုးပြီးမှ ပြန်လွှတ်ပေးတာလိုက်တာလို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

မကွေးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး အပါအဝင် ၃ ဦး ကတော့ အောက်တိုဘာ ၁၈ ရက်နေ့က ဒေါင်းနေထောင်ကနေ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

မကွေး(ဒေါင်းနေ)အကျဉ်းထောင်ကနေ ဇွန် ၃၀ ရက်နေ့ကလည်း ၅၀၅ (က) နဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၂၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး အရေးပေါ်ဆေးကုသရန်လိုအပ်နေတဲ့ GTI ကျောင်းသား မောင်လျှံဖြိုးအောင်ကတော့ အခုချိန်အထိ မလွတ်မြောက်သေးကြောင်း သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ  နိုင်ငံတကာဖိအားကြောင့် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013