DVB Logo
Home
မြန်မာသတင်း
“မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး” တကမ္ဘာလုံးဆိုင်ရာသပိတ်ပြုလုပ်မည်
DVB
·
October 21, 2021
“မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး” တကမ္ဘာလုံးဆိုင်ရာသပိတ်ပြုလုပ်မည်
Donate to DVB

တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲကို လာမယ့် အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ကျင်းပသွားဖို့ ရှိနေပြီး အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီလှုပ်ရှားမှုမှာတော့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံကို စီးဆင်းနေတဲ့ Blood Money တွေ၊ ငွေကြေးထောက်ပံ့မှုတွေကို ရပ်တန့်စေရေး အဓိကထားပြီး “မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး” လှုပ်ရှားမှုအနေနဲ့ တောင်းဆိုဆန္ဒပြသွားမှာဖြစ်တာမို့ ကမ္ဘာတဝန်းရှိ ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာ သွေးချင်းတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တစ်စုတည်းတစ်စည်းတည်း ပူးပေါင်းပါ ဝင်ပေးကြဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013