DVB Logo
Home
မြန်မာသတင်း
ကြူကုတ် (ပန်ဆိုင်း) ရဲစခန်းပစ်ခတ်ခံရ၊ မုံးကိုးဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွား
DVB
·
October 20, 2021
ကြူကုတ် (ပန်ဆိုင်း) ရဲစခန်းပစ်ခတ်ခံရ၊ မုံးကိုးဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွား
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း) ရဲစခန်းကို အောက်တိုဘာ ၁၉ ရက်မှာ ကိုးကန့် (MNDAA) တပ်က တိုက်ခိုက်ပြီးနောက် မုံးကိုးဘက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မွန်းတည့် ၁၂ နာရီခွဲလောက်ကစပြီး  ရပ်ကွက် ၅ အနီးမှာ စတင်တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။ 

"ကျမတို့  ရပ်ကွက် ၅ ဘက်မှာ ပစ်နေပြီ။ လက်နက်သေးတွေ ပစ်နေတယ်။ လက်နက်ကြီးလည်း ပစ်သံကြားရတယ်။ အခု ကတုတ်ကျင်းထဲမှာ ပုန်းနေတယ်။"

မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ကိုးကန့် (MNDAA) တပ်ဖွဲ့တွေက ကြူကုတ် (ပန်ဆိုင်း) မြို့ထဲက ရဲစခန်းကိုပစ်ခတ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ တိုက်ပွဲပြန်ငြိမ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်၊ ကိုးကန့် (MNDAA) တပ်တို့အပြင် ကြူကုတ် (ပန်ဆိုင်း)မြို့အနီးနားတွေမှာ TNLA တပ်တွေ လှုပ်ရှားသွားလာနေတာလည်း မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၃ နာရီ ကျော်လောက်ကနေ  ၅ နာရီ ကျော်အထိ  မုံးကိုး ကောင်းဒပ်ဘက်မှ လက်နက်ကြီးရော လက်နက်ငယ်ပါ ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၆ နာရီ ကျော်အထိ လက်နက်ကြီး တချက် တချက် ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ မုံးကိုး ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ ကိုးကန့် (MNDAA) တပ် ပြန်ကြားရေးကတော့ အခုရက်ပိုင်း ပဋိပက္ခတွေ ဖြစ်ပွားနေတာ မှန်ကန်ပြီး အသေးစိတ်အချက်အလက်တွေ စုဆောင်းနေတယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကြူကုတ် (ပန်ဆိုင်း) မှာ စစ်ကောင်စီတပ် နဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲကြောင့် ကြူကုတ် (ပန်ဆိုင်း) ရပါယ်ကွက် ၅ က အသက် ၆၂ နှစ် အရွယ်အမျိုးသမီးကြီးတစ်ဦးနဲ့ ပန်ဆိုင်း မြို့အထွက်မှာ ဆိုင်ကယ်စီးပြီးထွက်လာတဲ့ အမျိုးသမီး လူငယ် ၂ ဦးတို့လည်း ကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) တို့အကြား မုံးကိုးဘက်မှာ အခုနှစ် ဇူလိုင်လ ဆန်းပိုင်းကတည်းက တကျော့ပြန် တိုက်ပွဲ ပြန်လည်စတင် ဖြစ်ပွားလာခဲ့ပြီး ကြူကုတ် (ပန်ဆိုင်း) မြို့ဝန်းကျင်မှာတော့ ဩဂုတ်လဆန်းပိုင်းကစ တိုက်ပွဲ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းတွေမှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် ရှိပြီး လက်နက်ထိမှန်သေဆုံးတဲ့ အရပ်သားပြည်သူ မုံးကိုး နဲ့ ကြူကုတ် (ပန်ဆိုင်း)မှာ ၁၀ ဦး ရှိပြီ ဖြစ်ပြီး လက်နက်ထိ ဒဏ်ရာရသူ ၉ ဦး နဲ့ ရှပ်ထိ ၃ ဦး ရှိပြီ ဖြစ်ပြီး မိုင်းနင်းမိ သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရသူ ၁ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013