DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားထောင်မှ သတင်းထောက် ၅ ဦးပြန်လွတ်၊ ဖားကန့်မှသတင်းထောက် ၁ ဦးကျန်ရှိ
DVB
·
October 20, 2021
မြစ်ကြီးနားထောင်မှ သတင်းထောက် ၅ ဦးပြန်လွတ်၊ ဖားကန့်မှသတင်းထောက် ၁ ဦးကျန်ရှိ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ အောက်တိုဘာ ၁၉ ရက်က ပြန်လွတ်လာပါတယ်။

ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကတော့ မနေ့ ညနေ ၆ နာရီလောက်အထိ  ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ မိသားစုဆီကနေ သိရပါတယ်။ 

ကချင်ပြည်နယ်အတွင်းက သတင်းများကိုရေးသားဖော်ပြခဲ့လို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံရတဲ့  မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ နဲ့ The 74 media မှ မချန်ဘူ၊ Kachin Wave မှ ကိုလရော်တို့ ၅ ယောက် မြစ်ကြီးနားအကျဥ်းထောင်ကနေ လွတ်မြောက်လာတာပါ။

ပြန်လွတ်လာတဲ့ သတင်းထောက်တဦးက “နေကောင်းတယ်။ ကျန်းမာတယ်။ ခြောက်လကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ထဲကနေ ဒီနေ့က ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် လွတ်မြောက်ခွင့်ရရှိခဲ့ပြီ၊  အဘက်ဘက်က ညီခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ညက သတင်းထောက်အဂျဲ၊ ခရစ္စတိုဖာတို့ကို တပ်ကုန်းလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မမျိုးမြတ်မြတ်ပန်ကို ဧပြီ ၁၄ ရက် ညနေ ၆ နာရီကျော်က စီတာပူရပ်ကွက် နေအိမ်မှာ အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးသွားတာပါ။ 

မချန်ဘူနဲ့ ကိုလရော်တို့ကိုတော့ မတ်လ ၂၉ ရက်က အေးစေတီရပ်ကွက်မှာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပုံကို သတင်းရိုက်ကူးနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုပြန်လွတ်လာတာပါ။

ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကတော့ ဧပြီ ၉ ရက် မနက်က ဖားကန့်မြို့အဝင် ပန်းတင်တံတားနားမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပြီး  ပုဒ်မ၅၀၅ (က) နဲ့ရော လိုင်စင်မဲ့ဆိုင်ကယ်စီးမှုနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈  နဲ့ပါ အရေးယူခံထားရတာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး အဖမ်းခံရတဲ့ သတင်းသမား ၁၁၀ ရှိပြီး ပြန်လွတ်သူ အယောက်  ၇၀ ရှိကာ  ၃၈ ယောက်အဖမ်းခံနေရဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013