DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ချင်းပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်ရသူ ၂၁၀၀၀ ကျော်ရှိလာဟု ကုလ ထုတ်ပြန်
DVB
·
October 20, 2021
တိုက်ပွဲများကြောင့် ချင်းပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်ရသူ ၂၁၀၀၀ ကျော်ရှိလာဟု ကုလ ထုတ်ပြန်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲ တွေကြောင့် ချင်းပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးလာရသူဦးရေဟာ ၂၁,၄၂၀ ယောက် ထိရှိလာပြီး သိသိသာသာဆက်လက်မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ  ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့ မတည်ငြိမ်တဲ့လုံခြုံရေးအခြေအနေတွေကြောင့် ထိခိုက်လွယ်မိသားစုပေါင်းများစွာဟာ မေလကတည်းက တိုက်ပွဲရှောင်ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ပထမရက်သတ္တပတ်ထဲမှာတင် မင်းတပ်နဲ့ ကန်ပက်လက်မြို့ပေါ်က လူ ထောင်ပေါင်းများစွာ ထပ်မံပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး မကွေးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးတွေမှာလည်း လူဦးရေစုစုပေါင်း ၁၉,၄၅၀ လောက်ဟာ တိုက်ပွဲရှောင် ထွက်ပြေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ရခိုင့်တပ်တော်ကြားက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၇,၆၀၀ လောက်ဟာလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့က ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ UNOCHA က ဆိုပါတယ်။ 

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူ မိတ်ဖက်တွေဟာ အစားအစာနဲ့ အကာအကွယ်ပေးရေးဝန်ဆောင်မှုတွေအပါအဝင် အရေးပေါ်အကူအညီတွေကို ဆက် လက်ပေးအပ်နိုင်ဖို့ ကြိုးစာနေကြပေမယ့် သွားလာခွင့်ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ လုံခြုံ ရေးအခြေအနေတွေကြောင့် အကူအညီပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ချက်တွေဟာ နှောင့် နှေးကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတ ရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင် ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ် ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင် ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013