DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိဘဏ်များက ပြည်သူပိုင်ငွေများကို အလွယ်တကူ ပြန်ထုတ်မပေးဘဲ ဆက်လက်ခေါင်းပုံဖြတ်နေ
DVB
·
October 19, 2021
ပုဂ္ဂလိဘဏ်များက ပြည်သူပိုင်ငွေများကို အလွယ်တကူ ပြန်ထုတ်မပေးဘဲ ဆက်လက်ခေါင်းပုံဖြတ်နေ
1 / 2
Donate to DVB

ပုဂ္ဂလိက (AD) ဘဏ်တွေမှာ မြန်မာကျပ်ငွေဘီလီယံနဲ့ချီပြီး ငွေသားတွေလက်ခံရရှိနေပေမဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ပြည်သူတွေ အပ်နှံထားတဲ့ငွေတွေကို အလွယ်တကူပြန်ထုတ်မပေးဘဲ   လူထုဆီက ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ကိုင်နေတယ်လို့  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ  ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုက ဘဏ်တွေမှာ စုဆောင်းထားတဲ့ မိမိပိုင်ငွေကြေးတွေ ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် ငွေထုတ်ယူမှုရှိလာတာကို အကြောင်းပြုပြီး ဘဏ်ပိုင်ရှင် တွေက နည်းမျိုးစုံဖြင့် ကန့်သတ်မှုတွေ လုပ်လာခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း ဘဏ်တွေမှာ ပြည်သူပိုင်ငွေကြေးတွေ အလွယ်တကူထုတ်ယူခွင့်မရရှိအောင် ဘဏ်ပိုင်ရှင်တွေနဲ့ လက်ဝါးရိုက်ပြီး ထိန်းချုပ်ထားတာ အချိန်အားဖြင့် ၈ လတာ ကြာပြီဖြစ်ပါတယ်။

ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိလို့ ပြည်သူပိုင်ငွေကြေးတွေ ထုတ်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်က လက်တွေ့မကျတဲ့အကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

“ဗဟိုဘဏ် rate နဲ့ US ဒေါ်လာ ဝယ်လိုသူတွေ က မိမိတို့ငွေစာရင်းဖွင့်ထားတဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ မိမိဝယ်ယူလိုတဲ့ US ဒေါ်လာပမာဏပေါ်မူတည်ပြီး ဘဏ်ငွေစာရင်း အသစ်ထဲမှာ ငွေသား (cash) အရင်ထည့်သွင်းထားရပါမယ်။ ဥပမာ US ဒေါ်လာ တသန်း ဝယ်ချင်ရင် ကျပ် (၁.၈) ဘီလီယံ ငွေသား (cash) ထည့်ထားရတဲ့ သဘောပါ။ ပြီးရင်တော့ လိုအပ်တဲ့ sale contract, invoice, shipping documents တွေပါတင်ပြထားဖို့တော့ လိုတာပေါ့နော်။ ဒီလိုနည်းနဲ့ ရောင်းချပေးတာ ဖြစ်လို့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသား (cash) တွေရရှိနေတာပါ။ ဒါကြောင့် ဗဟိုဘဏ်ကနေ US ဒေါ်လာ များများဝယ်ခွင့် ရတဲ့ ဘဏ်က cash များများရတာကို ကျနော်တို့တွေ့ရပါတယ်။ မနေ့က(အောက်တိုဘာ ၁၈ရက်) ဆိုရင်ဗျာ ဗဟိုဘဏ်က US ဒေါ်လာသန်း (၅၀) ကိုရောင်းချပေးတဲ့အတွက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသား (cash) က ကျပ်ဘီလီယံ ( ၉၀) နီးပါး ရရှိစေပါတယ်။ ဒီတော့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိဘူးလို့ ဘဏ်လုပ်ငန်းရှင်တွေ အကြောင်းပြချက်က လက်တွေ့မကျဘူး ဆိုတာ ပေါ်လွင်စေတယ်ဗျာ။ ဒါဆို ဘဏ်တွေဆီရောက်သွားတဲ့ ဒီငွေတွေက ဘယ်ရောက်သွားလဲ” လို့ အခုလိုထောက်ပြ ပြောပါတယ်။

ပြည်သူတွေမှာတော့ လိုအပ်တဲ့ငွေကြေးကို အလွယ်တကူ ထုတ်ယူခွင့်မရတဲ့အတွက် ရာခိုင်နှုန်းတခုပေးပြီး ထုတ်ယူရတဲ့ မှောင်ခိုစျေးကွက်ကြီးကတော့ ပုဂ္ဂလိကဘဏ်တွေအကြားမှာ ကောင်းစွာရှင်သန်ကြီးထွားလို့နေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း “ကုမ္ပဏီတွေအတွက် ဗဟိုဘဏ်သတ်မှတ်ချက် သိန်း ၂၀၀ ရရင်တောင် ကျနော်တို့က အဆင်ပြေတယ်ဗျာ။ အဲ့ သိန်း၂၀၀ လည်း ထုတ်မရဘူး။ ATM စက်မှာလည်း မထည့်လို့ ထုတ်မရဘူးဗျာ။ ဒါပေမယ့် ရာခိုင်နှုန်းပေးပြီးထုတ်ရင်တော့ ရတယ်ဗျာ။ ရာခိုင်နှုန်းကလည်း အကောင့်ကနေ ထုတ်ရင် အနည်းဆုံး ၆ ရာခိုင်နှုန်းပေးရတယ်။ ပိုဆိုးတာက အခြေခံ လူတန်းစားတွေသုံးနေရတဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေ ဥပမာ (Wave money)ဆိုရင် ၁၀ ရာခိုင်နှုန်းတောင် ပေးရတယ်။ သူရတဲ့လစာ ၁သိန်း ကို နယ်ကအိမ်ဆီ ပြန်လွှဲတာ ၁၀ ရာခိုင်နှုန်းဆိုတော့ ၉သောင်းပဲ ရတော့တယ်ဗျာ။ အဲ့တော့ ဘဏ်တွေနဲ့ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက လူထုဆီက ခေါင်းပုံဖြတ်ပြီး စားသောက်နေတာကို ဗဟိုဘဏ်ကလည်း မမြင်ချင်ယောင်ပြီး ခွင့်ပြုပေးထားသလားလို့  သံသယရှိတယ်ဗျာ” လို့ဆိုပါတယ်။

ဗဟိုဘဏ်မှ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ (AD) လိုင်စင်ရ ပုဂ္ဂလိကဘဏ်အရေအတွက် ၂၁ ခုရှိတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်  ပြည်သူလူထုဟာ ပုဂ္ဂိလက ဘဏ်တွေကနေ  မိမိပိုင်ငွေတွေကို ခက်ခက်ခဲခဲအလီလီခွဲပြီးထုတ်ယူနေကြရတာဖြစ်ပြီး   အပ်နှံထားတဲ့ ငွေတွေဟာလည်း မြန်မာကျပ်ငွေဖောင်းပွမှုကြောင့် တန်ဖိုးကျဆင်းမှုနဲ့လည်း ကြုံတွေ့နေကြရပါတယ်။

ဒါ့အပြင် ပုဂ္ဂိလက ဘဏ်တချို့က ကိုယ့်ရဲ့ဖောက်သည်တွေကို စစ်ကောင်စီထံသတင်းပေးပြီး ဖမ်းဆီးခိုင်းတာ ၊ CDM ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့တယ်၊ NUG ထီထိုးတယ်စတဲ့ စွပ်စွဲချက်တွေနဲ့ ဘဏ်အကောင့်တွေကို ပိတ်ပြီး ငွေတွေသိမ်းယူတာတွေလည်း ဥပဒေမဲ့ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013