DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအေးနန္ဒာစိုးအတွက် ဗကသ စိုးရိမ်
DVB
·
October 19, 2021
ဖမ်းဆီးခံ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအေးနန္ဒာစိုးအတွက် ဗကသ စိုးရိမ်
Donate to DVB

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ  မအေးနန္ဒာစိုး ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဖမ်းဆီးထားတာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ၁ လတင်းတင်းပြည့်သွားပြီ ဖြစ်ပါတယ်။

အခုလို ၁ လပြည့်တဲ့အချိန်ထိ မအေးနန္ဒာစိုးကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘဲ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

မအေးနန္ဒာစိုးဟာ မန္တလေးကနေ တန့်ဆည်-ရေဦး ရှိ သူ့ရဲ့နေအိမ်ကိုအပြန် ကားပေါ်မှာ စက်တင်ဘာ ၁၈ ရက် ညနေက  စစ်ကောင်စီ လက်နက်ကိုင်တပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မအေးနန္ဒာစိုးဟာ အဖိနှိပ်ခံလူတန်းစားတွေဖြစ်တဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေ ဘက်ကနေ ခွပ်ဒေါင်းအလံကိုကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အစဥ်မပြတ် ဆန့်ကျင်တော်လှန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013